သင့်ရဲ့အလှကုန်ပစ္စည်းတွေကို သပ်သပ်ရပ်ရပ် ထားသိုနိုင်မယ့် နည်းလမ်းသစ်များ (အပိုင်း-၁)

cos-01-makeupstorage-xl.jpg

အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့အလှကုန်ပစ္စည်းတွေကို ကိုယ့်အိမ်မှာရှိပြီးသား အရာတွေနဲ့ အသုံးဝင်အောင် ထားသိုနိုင်ပါတယ်။ သပ်သပ်ရပ်ရပ်လည်းဖြစ်၊ နေရာလည်း မယူတော့အောင် ကိုယ့်ရဲ့အလှကုန်တွေကို ဘယ်လိုထားသိုမလဲ ကြည့်ရအောင်။

၁။မီးဖိုချောင်ထဲမှာ လိုရာတင်ဖို့အတွက် ထားထားတဲ့ စင်အသေးလေးတွေ ရှိရင်ယူပြီး ခုလို ရေမွှေးပုလင်းလေးတွေကို စီစီရီရီတင်လိုက်ပါ။ ဒါဟာ ကြည့်ကောင်းသလို ကိုယ့်အတွက်က ရွေးချယ်ရ အဆင်ပြေတယ်လေ။

၂။ကိုယ့်အိမ်မှာ ကိတ်တင်တဲ့ stand ရှိတယ်ဆိုရင်လည်း ရေမွှေးပုလင်းတွေအတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။

၃။ပါးနီလိမ်းတဲ့အခါသုံးတဲ့ ဘရက်ရှ်တွေကိုလည်း မျက်မှန်ဗူးထဲ ထည့်သိမ်းလို့ရပါတယ်။

၎။မျက်ခုံးမွှေးဆွဲတံ၊ mascara စတာတွေကိုလည်း ကိုယ်အရင်ကသုံးတဲ့ ကွန်ပါဗူးမျိုး၊ အိမ်မှာရှိတဲ့ ပလတ်စတစ်ဗူးတွေထဲ ထည့်ထားလို့ရတာပါပဲ။

၅။နောက်ထပ်ဘရက်ရှ်တွေ လှလှပပ ထိန်းသိမ်းနိုင်မယ့် အရာကတော့ ကော်ဗူး ဒါမှမဟုတ် ဖန်ခွက်ခပ်ကြီးကြီးမှာ ကော်ဖီစေ့တွေထဲမှာ ပုံမှာပြထားသလို ဘရက်ရှ်တွေကို စိုက်ထားလိုက်ရုံပါပဲ။

၆။စက်ပစ္စည်းတစ်ခုခုဝယ်တုန်းက၊ ကုန်ပစ္စည်းတစ်ခုခုဝယ်တုန်းက ပါလာတဲ့ အကန့်ခွဲထားပြီးသား ဗူးတွေဘာတွေရှိရင်လည်း ခုလို အလှကုန်တွေကို ခွဲသိမ်းနိုင်ပါတယ်။

၇။မဂ္ဂဇင်းထည့်တဲ့အခါသုံးတဲ့ holder တွေမှာလည်း ခုလို ဆံပင်ဖြောင့်စက်၊ ဆံပင်ကောက်စက် စတာတွေကို ခုလိုထည့်ထားနိုင်ပါတယ်။

Ref:cosmopolitan.com

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.