ကလေးတွေကို အမှီလိုက်နိုင်ဖို့ ဗီစီဒီမြန်မြန်ထွက်အောင် ကြိုးစားရမယ်လို့ ဆိုလိုက်တဲ့ သိန်းလင်းစိုး

1382124_253224901491536_731005848_n.jpg

မကြာသေးခင်က T Virus အယ်လ်ဘမ် ထွက်ရှိထားတဲ့ အဆိုတော် သိန်းလင်းစိုးနဲ့ တွေ့ဆုံခိုက် T Virus ဗီစီဒီ နဲ့ပတ်သတ်ပြီး မေးဖြစ်တဲ့အခါ သူက“ဗီစီဒီအခွေကတော့ ကျွန်တော်ကတော့ အမြန်ဆုံးထွက်ချင်တာပေါ့နော်။ ကျွန်တော်အလုပ် များများ လုပ်မှလဲ မြန်မြန်ထွက်နိုင်မှာဆိုတော့ အလုပ်ကို ကြိုးစားပြီးတော့ လုပ်နေပါတယ်။ မှန်းထားတာကတော့ ၁၂ လပိုင်း၊ ဒါမှမဟုတ် ၁လပိုင်းလောက်ပေါ့။ ခုလောလောဆယ်ကတော့ တစ်ပုဒ်ပဲ ရိုက်ရသေးတယ်။ အဲဒါက နွယ်ဒါလီထွန်းနဲ့ ဒါရိုက်တာက ကိုဝင်းလွင်ထက်ပေါ့။။ ၁၆ပုဒ်မှာ တချို့သီချင်းလေးတွေကိုလဲ ပြန်လဲချင် လဲဖြစ်မယ်။ စီဒီကတော့ ရောင်းရတယ်။ ကြိုက်ကြတယ်လို့ ပြောကြတယ်။ ဗီစီဒီမှာတော့ ပြန်ပြီး ပရိသတ်ပိုကြိုက်အောင်ကြိုးစားရမှာပေါ့။ ကျွန်တော့်အခွေထဲမှာတော့ အမ်တီဗီ ဆန်ဆန်လေးရိုက်မယ်ပေါ့။ ပရိသတ်ကြိုက်မဲ့သီချင်းလေးတွေကိုတော့ ဒီ့ထက်ပိုကြိုက်အောင် ကြိုးစားရိုက်မယ်။ ပရိသတ် သိပ်သတိမထားမိတဲ့ သီချင်းမျိုးတွေဆိုရင်လဲ ပြန်ပြီး သတိထားမိလာအောင် ကြိုးစားပြီးရိုက်ပါမယ်။ ဒါရိုက်တာတွေနဲ့တိုင်ပင်ပြီး အကောင်းဆုံးကြိုးစားပါမယ်”တဲ့။

ခုနောက်ပိုင်းမှာ ရှိုးပွဲတွေမှာ အတွေ့နည်းလာတဲ့အကြောင်းကို မေးကြည့်တဲ့အခါမှာလည်း “အဓိကကတော့ ရန်ကုန်ရှိုးမှာ မမြင်ရတာ ၂နှစ်လောက်ရှိပြီ။ ခုနောက်ပိုင်း ကလေးတွေက ကိုယ်တွေထက် ပိုတော်တယ်။ ကိုယ်တွေထက်လဲ အလုပ်ပိုလုပ်တဲ့ အတွက် အခွေဆိုလဲ မြန်မြန်ထွက်တယ်။ သီချင်းတွေလဲ ပေါက်ပြီး ပရိသတ်က ပိုသိကျတဲ့အတွက် သူတို့တွေက ကိုယ်တွေထက်ပိုပြီး အလုပ်လုပ်ရတယ်။ ပွဲတွေလဲပိုဆိုရတယ်။ ကလေးတွေကို အမှီလိုက်ဖို့အတွက်က ဗီစီဒီမြန်မြန် ထွက်နိုင်အောင် လုပ်ပြီး အမှီလိုက်မှပဲရမယ်။” လို့ သူက ပြောပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.