ခရာသံမကြားတဲ့အတွက် တစ်ရာသီလုံး ဂိုး ၁၆၄ ဂိုးအသွင်းခံခဲ့ရပြီး အနုတ် ၆ မှတ် ရရှိခဲ့တဲ့ ဘာမင်ဂမ်နားမကြားဘောလုံးအသင်း

birmingham-deaf-fc.jpg

ဘာမင်ဂမ်နားမကြားဘောလုံးအသင်း ဟာ ဒီရာသီမှာ တစ်မှတ်မှမရတဲ့အပြင် အနုတ် ၆ မှတ်နဲ့ ရာသီသိမ်းခဲ့ရ ပါတယ်။ ဘာမင်ဂမ်နားမကြားအက်ဖ်စီ ရဲ့ ဆိုးရွားတဲ့ရလဒ်တွေက ဘာမင်ဂမ်မြို့ AFA Saturday League သမိုင်း တစ်လျှောက် အဆိုးရွားဆုံးစံချိန်တင်ခဲ့ပါတယ်။

နားမကြားအက်ဖ်စီဟာ ပွဲစဉ် ၂၆ ပွဲမှာ တစ်ပွဲကလွဲလို့ အကုန်ရှုံးနိမ့်ခဲ့ကာ ၁၆၄ ဂိုးအသွင်းခံခဲ့ရပြီး လိဂ် ၅ ရဲ့ အောက်ဆုံးနေရာမှာ ဇာတ်သိမ်းခဲ့တာပါ။

ဘာမင်ဂမ်နားမကြားဘောလုံးအသင်းကို နားလုံးဝမကြားတဲ့ ကစားသမားတွေနဲ့ ဖွဲ့ စည်းထားပြီး အကုန်လုံးဟာ ဒိုင်လူကြီးရဲ့ အမိန့် ညွှန်ကြားချက်တွေကို လုံးဝမကြားနိုင်ပါဘူး။ ကစားသမားတွေ ဟာ ဒိုင်လူကြီးတွေကို ၀ီစီသံအစား အလံတွေ သုံးဖို့ တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

အသင်းရဲ့ လက်ထောက် Whieldon က ‘ ကစားသမားတွေက တာဝန်ရှိသူတွေဟာ နားမကြားအသင်းတစ်သင်း အတွက် ကြိုတင်ပြင်ဆင်ထားမှုတွေမရှိဘူးလို့ သူတို့ ခံစားနေရပါတယ်။ ဒါဟာ ဒိုင်နဲ့ ကစားသမားတွေ ဆက်သွယ်ရေးမှာ တော်တော်ခက်ခဲမှုတွေ ဖြစ်စေတာပါ။ ဒိုင်လူကြီးတွေဟာ ခရာမှုတ်နေတဲ့အချိန်မှာပဲ အလံတွေကို ဝှေ့ ယမ်းပေးသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ Whieldon ကိုယ်တိုင်ကလည်း နားမကြားတစ်ဦးပါ။

“ ဒိုင်တော်တော်များများက အလံ ဝှေ့ ယမ်းဖို့ မေ့နေကြတယ်။ သူတို့ က အလံကို သုံးချင်စိတ် မရှိပါဘူး”

ဘာမင်ဂမ်နားမကြားအသင်းကို ၁၀ ဂိုး – ၀ နဲ့ အိမ်ကွင်းကော အဝေးကွင်းကော အနိုင်ရခဲ့တဲ့ Sutton United ကစားသမားတစ်ဦးက “ ဒိုင်က ပွဲပြီးခရာမှုတ်တာတောင် သူတို့ က မကြားဘဲ ကန်နေတုန်းဗျ” လို့ ပြောပြခဲ့ ပါတယ်။

ဘာမင်ဂမ်နားမကြားဘောလုံးအသင်းဟာ ဆိုးရွားတဲ့ရလဒ်တွေကြောင့် အဆင့် နှစ်ဆင့် လျှော့ချခံခဲ့ရပြီး လာမယ့်ရာသီမှာ အောက်ဆုံးအဆင့်ဖြစ်တဲ့ လိဂ်အဆင့် ၇ ကနေ ကစားရမှာဖြစ်ပါတယ်။

အသင်းဟာ အခုရာသီပွဲစဉ် သုံးပွဲကို ကစားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ကိုးမှတ် အလျှော့ခံခဲ့ရပြီး ၂၆ ပွဲမှာ တစ်ပွဲအနိုင်ရရှိခဲ့တဲ့အတွက် ရာသီကုန်မှာ အနုတ် ၆ မှတ်နဲ့ ဇာတ်သိမ်းခဲ့တာပါ။ ကလပ်ကို ၁၉၂၁ ခုနှစ်မှာ ဖွဲ့  စည်းခဲ့ပြီး အင်္ဂလန်နားမကြားဘောလုံးလိဂ်နဲ့ ဖလား တို့ မှာလည်း ပါဝင်ယှဉ်ပြိုင်နေပါတယ်။

Ref: Mirror.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.