မြန်မာနိုင်ငံ Hip Hop မြူးဇစ်ရဲ့ First Generation နဲ့ Second Generation သာမက အမိုက်စား အနုပညာရှင်များစွာ ပါဝင်တဲ့ Hip Hop ဖျော်ဖြေပွဲကြီးကို လာမယ့် ၃၁ ရက်နေ့ ရှင်စောပုလမ်းမှာရှိတဲ့ Myanmar Event Park (MEP) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပါဝင်ဖျော်ဖြေသွားမယ့် အနုပညာရှင်တွေကတော့ အနဂ္ဂ၊ ရန်ရန်ချန်း၊ ဘာဘူ၊ သားစိုး၊ ဂျေမီ၊ ကြက်ဖ၊ G-Tone၊ ရသ၊ Cyclone၊ Ar-T၊ ချမ်းချမ်း၊ အိမ့်ချစ်၊ ပိုပို၊ သားကြီး၊ ASH၊ ရဲနောင်၊ YAK၊ နန့်ချစ်နဒီဇော်နဲ့ ၀ိုင်းလေးတို့ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲကို ညနေ ၅နာရီမှာ စတင်မှာဖြစ်ပြီး လက်မှတ်ဈေးကတော့ ၆၀၀၀ကျပ်ပါ။ လက်မှတ်တွေကိုတော့ 4TV Digital Show Room၊ MEP နဲ့ စီးတီးမတ် စတဲ့နေရာတွေမှာ ၀ယ်ယူနိုင်ပါပြီ။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။