လက်သည်း ခြေသည်းတွေ လှပကျန်းမာနေအောင် ဘယ်လိုဂရုစိုက်သင့်ပါသလဲ

manicure-pedicure_0.jpg

လူတွေဟာ လက်သည်း၊ ခြေသည်းတွေကို ပုံမှန် ညှပ်ပေး၊ အလှဆင်ပေးရုံနဲ့ လက်သည်း၊ ခြေသည်းတွေ ကျန်းမာနေပြီလို့ ထင်တတ်ကြပါတယ်။ လူတစ်ယောက်ရဲ့ သပ်ရပ်သန့်ရှင်းမှုဘယ်လောက်ရှိသလဲဆိုတာ သူတို့ရဲ့ လက်သည်း၊ ခြေသည်းတွေကို ကြည့်လိုက်ရုံနဲ့ သိနိုင်တယ်ဆိုတဲ့အကြောင်းလည်း အားလုံးသိပြီးဖြစ်မှာပါ။ ဒါ့ကြောင့် လက်သည်း၊ ခြေသည်း ကျန်းမာလှပနေအောင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။လက်သည်း၊ ခြေသည်း မဆိုးခင် ဆပ်ပြာတိုက်တာ၊ လိုးရှင်းလိမ်းတာမျိုးတွေ မလုပ်ပါနဲ့။

ဆပ်ပြာထိထားတဲ့ လက်သည်းအသားဟာ သာမာန်အချိန်တွေထက် ပိုပွသွားတတတ်တာကြောင့် လက်သည်းနီ မဆိုးခင် လက်ဆေးတာမျိုးတွေဘာတွေ ရှောင်သင့်ပါတယ်။

၂။ လက်သည်းအလှပြင်ပြီးတိုင်း တာရှည်ခံစေမယ့် top coat ဆိုးပါ။

လက်သည်းအလှပြင်ဆိုင်သွားပြီးတဲ့အခါ လက်သည်းအလှပြင်ပြီးပြီးချင်း top coat လေးဆိုးခိုင်းဖို့ မမေ့ပါနဲ့။ ကိုယ့်ဘာသာကိုယ် အလှပြင်တယ်ဆိုရင်လည်း top coat ကို မဖြစ်မနေဆိုးပါ။

၃။လက်သည်းမကျိုး၊ မပဲ့အောင် ဂရုစိုက်ပါ။

ကိုယ်က အပင်စိုက်တာ ၀ါသနာပါတယ်ဆိုရင် လက်အိတ်သုံးပြီးမှ အဲ့ဒါမျိုးတွေလုပ်ပါ။ ပန်းကန်ဆေးမယ်ဆိုရင်လည်း ဒီလိုပါပဲ။ လက်သည်းကျန်းမာစေဖို့ အစစအရာရာ ဂရုစိုက်ပေးဖို့ လိုပါတယ်။

၎။လက်သည်းအားဖြည့်လိုးရှင်း တစ်ခုခု ညတိုင်းလိမ်းပေးပါ။

Hand cream တွေပေါ်လာပြီဆိုတော့ အလွယ်တကူဝယ်လိမ်းလို့ ရနေပါပြီ။ ကိုယ့်လက်သည်းလေး လှနေဖို့အတွက် ညတိုင်းပုံမှန် hand cream ဒါမှမဟုတ် လက်သည်းအားဖြည့်အဆီတစ်မျိုးမျိုး လိမ်းပေးပါ။

၅။ခြေချောင်းပေါ်တဲ့ ဖိနပ်မျိုး၊ကွင်းထိုး ဖိနပ်မျိုးတွေ စီးတယ်ဆိုရင် ခြေသည်းကို ညတိုင်းသန့်ရှင်းရေးလုပ်ပါ။

ခြေချောင်းတွေမှာ ၊ ခြေသည်းတွေမှာ ဖုန်တွေ၊ ချေးတွေ ၀င်နေတယ်ဆိုရင် အိမ်ရောက်တဲ့အခါ သေသေချာချာ သန့်ရှင်းပြီးမှ အိပ်ပါ။

Ref:womenshealthmag.com/

 

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.