၂၀၁၄ ခုနှစ်ရဲ့ ရောင်းအားအမြန်ဆုံးအယ်ဘမ်စံချိန်နဲ့ ဗြိတိန်ဂီတဇယား နံပါတ်တစ် နေရာကို ရောက်ရှိလာတဲ့ Coldplay ရဲ့ ‘Ghost Stories’ အယ်ဘမ်

coldplay-ghost-stories-poster-400x300.jpg

ဗြိတိန်ရော့ခ်တီးဝိုင်း Coldplay ရဲ့ အယ်ဘမ်အသစ် ‘Ghost Stories’ ဟာ တနင်္ဂနွေနေ့ က ဗြိတိန် ဂီတဇယားတွေရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းလာခဲ့ပါတယ်။ ဒီအယ်ဘမ်ဟာ ၂၀၁၄ ခုနှစ်ရဲ့ ရောင်းအားအမြန်ဆုံးစံချိန်ကိုလည်း ရရှိသွားခဲ့တာပါ။

Coldplay ရဲ့ ဆဌမမြောက်အယ်ဘမ် ဟာ မေလ ၁၉ ရက်နေ့ က စတင်ဖြန့် ချိပြီးချိန်ကစလို့ အချပ်ရေပေါင်း ၁၆၈ ၀၀၀ ရောင်းချပြီးခဲ့ပါပြီ။

Coldplay ဟာ လွန်ခဲ့တဲ့တစ်ပါတ်က ထိပ်ဆုံးနေရာကို ရောက်ရှိနေတဲ့ အမေရိကန် ပေါ့ပ်အဆိုတော် Michael Jackson ရဲ့ သေဆုံးပြီးနောက်ထွက်ရှိတဲ့ အယ်ဘမ် ‘Xscape’ ကို နောက်ချန်ရစ်နိုင်ခဲ့တာဖြစ်ပါတယ်။

Coldplay ရဲ့ အရင်က ထွက်ရှိခဲ့တဲ့ အယ်ဘမ်ငါးခုလုံးဟာလည်း UK ဂီတဇယားမှာ ထိပ်ဆုံးနေရာတွေ ရရှိခဲ့ပြီး လက်ရှိအချိန်ထိ အချပ်ရေပေါင်း ၁၁.၁ သန်းကျော် ရောင်းချထားခဲ့ရပါတယ်။

လက်ရှိ UK ဂီတဇယားမှာ အဆင့် ၁၀ အတွင်း ရောက်ရှိနေတဲ့ အယ်ဘမ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1

GHOST STORIES

COLDPLAY

2

XSCAPE

MICHAEL JACKSON

3

WHAT HAVE WE BECOME

PAUL HEATON & JACQUI ABBOTT

4

A PERFECT CONTRADICTION

PALOMA FAITH

5

DEFINITELY MAYBE

OASIS

6

CAUSTIC LOVE

PAOLO NUTINI

7

TURN BLUE

BLACK KEYS

8

AM

ARCTIC MONKEYS

9

LOVE IN THE FUTURE

JOHN LEGEND

10

GIRL

PHARRELL WILLIAM

 

Ref: officialcharts.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.