Groupအခွေလုပ်ဖို့အစီအစဉ်ရှိတယ်လို့ဖွင့်ဟလာတဲ့ လွန်းဇောင်းကို ထက်အောင်ရဲ့ တစ်ခုသောလမ်း တေးစီးရီး မိတ်ဆက်ပွဲမှာ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းဖြစ်တဲ့အခါ သူက “ခုက ကျွန်တော်တို့season 6 က group ခွေလုပ်ဖို့အစီအစဉ် ဆွဲနေတယ်ပေါ့။ အခု ဒီ၆လပိုင်းလောက်တော့ သီချင်းတွေစစုဖို့လုပ်ထားတယ်။ ဒီနှစ်ထဲလဲ ထွက်နိုင်အောင် ကြိုးစားမယ်ပေါ့။ အားလုံးကတော့ လုပ်ဖြစ်အောင် ကြိုးစားထားပါတယ်။ လုပ်ဖြစ်မယ်ဆိုရင် သူငယ်ချင်းတွေကတော့ ဘာဆိုမလဲမသိဘူး။ ကျွန်တော်ကတော့ own tune ပဲဆိုမှာပါ။ ကျွန်တော့အတွက်ရေးပေးမှာက ကိုစလိုင်းပေါ့။ ကျွန်တော်က ဂီတတစ်ခုတည်းကိုပဲ ဇောက်ချလုပ်သွားမှာပါ။ သရုပ်ဆောင်ကတော့ လုပ်ချင်ပါတယ်။ ဒါပေမဲ့ သရုပ်မဆောင်တတ်တော့ ငြိမ်နေရတယ်။ ခုဒီကြားထဲမှာ online ကနေ သီချင်းတစ်ပုဒ် တင်မယ်။ ပြီးရင် အခွေအတွက် ၀ယ်မယ်စုမယ်။ အွန်လိုင်းပေါ်က ဒီတစ်ပတ်နှစ်ပတ် အတွင်း တင်မယ်။ ကိုစလိုင်းသီချင်းပဲ။ သီချင်းနာမည်က သို့တဲ့။ အသည်းကွဲသီချင်းလေးပေါ့။ သီချင်းလေးတင်တဲ့အခါ အားပေးပေးပါလို့ပရိသတ်တွေကို ပြောချင်ပါတယ်”တဲ့။
“သို့”သီချင်းကို အွန်လိုင်းပေါ် မကြာခင်တင်တော့မယ်လို့ ဖွင့်ဟလာတဲ့ လွန်းဇောင်း

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။