Rapper Wiz Khalifa ဟာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက Texas ပြည်နယ်လေဆိပ်တစ်ခုမှာ အဖမ်းခံခဲ့ရပါတယ်။ ခရီးဆောင်အိတ်စစ်ဆေးစဉ်အတွင်း အစိမ်းရောင်အရွက်တွေ တွေ့ ရှိမှုနဲ့  အဖမ်းခံခဲ့ရတာပါ။
‘Black and Yellow’ သီချင်းအဆိုတော် ဟာ El Paso မြို့ ကနေ Dallas မြို့ ကို လေယာဉ်နဲ့ အလာမှာ လေဆိပ်စစ်ဆေးရေးအရာရှိတွေက ဒီ အစိမ်းရောင်အရွက်ထုပ်တွေကို ရှာဖွေတွေ့ ရှိခဲ့တယ်လို့  ဥပဒေထိန်းသိမ်းရေး ဘက်က သတင်းရင်းမြစ်တွေအရ သိရပါတယ်။ Wiz ကို အချုပ်ခန်းကို ခေါ်ဆောင်သွားခဲ့ပြီး ဒေသရဲတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ရဲတွေဟာ Wiz သယ်ဆောင်လာတဲ့ အရွက်တွေကို ဆေးခြောက်တွေ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပြီး ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ tmz.com အရ သိရပါတယ်။ Texas ပြည်နယ်မှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားခြင်းမရှိသေးပါဘူး။
Wiz ဟာ ၀.၅ ဂရမ်လောက်ရှိတဲ့ ဆေးခြောက်တွေ သယ်ဆောင်လာတယ်လို့ ရဲတွေက ဆိုပါတယ်။
Wiz ကတော့ သိပ်ဂရုစိုက်ပုံမပေါ်ပါဘူး။ သူဟာ အချုပ်ခန်းထဲရောက်နေတဲ့ပုံတောင် twiiter တင်ခဲ့ပါသေးတယ်။
Ref: tmz.com