အနုပညာလောကမှာ ဖြေးဖြေးနဲ့မှန်မှန် လျှောက်လှမ်းနေတဲ့ နန်းမြတ်ဖြိုးသင်းက friend ဗီစီဒီနဲ့ပတ်သတ်ပြီး ပရိသတ်ကို လျှို့ဝှက်ထားချင်တယ်လို့ ပြောပြလာတာကြောင့် ခု လက်ရှိသူမရဲ့အနုပညာအကြောင်းအရာတွေကို တီးခေါက်ကြည့်မိခဲ့တာကတော့ သူမက “ဟိုတနေ့ကမှ ကလောကပြန်လာပါတယ်။ ဗီဒီယိုသွားရိုက်တာပေါ့။ ကားလေးက လူငယ်ဆန်ဆန် twist လေးတွေနဲ့ကားလေးဆိုတော့ ထွက်လာတဲ့ခါ ပရိသတ်တွေကြိုက်ကြမယ်လို့မျှော်လင့်မိပါတယ်”တဲ့။
လာမဲ့ ၁၄ ရက်နေ့မှာသွားမဲ့ ဘရာဇီး ခရီးစဉ်နဲ့ပတ်သတ်ပြီးတော့လဲ “စိတ်လှုပ်ရှားသလို အရမ်းလဲပျော်တယ်။ ကမ္ဘာ့ ဖလားပွဲကိုလဲ ကိုယ်တိုင်ကိုကျ သွားရောက်ပြီး ကြည့်ရမယ်ဆိုတော့ ပိုပြီး ရင်ခုန်ပါတယ်။ ပြီးတော့ သွားရမဲ့ အနုပညာမောင်နှမတွေကလဲ ကိုယ်နဲ့ အရမ်းခင်ပြီး အမြဲတစ်တွဲတွဲဆိုတော့ အရမ်းပျော်ပါတယ်။ စိတ်လဲလှုပ်ရှားပါတယ်။ အဲ့ဒီခရီးက ပြန်လာရင်တော့ နန်းမြတ်plan ဆွဲထားတောတွေ ဆက်တိုက်ရှိပါတယ်။ ခရီးက ပြန်လာတဲ့ခါ ပရိသတ်ကို ပြောပြစရာတစ်ခုရှိပါတယ်။ အဲဒါလေးကတော့ ပြန်လာရင် ပြောပြမယ်ပေါ့။ ပြီးတော့ friend ဗီစီဒီလေးကို ဒီနှစ် အမှီထွက်ပေးပါမယ်။ ဗီစီဒီလေးက အများကြီးတော့ မပြီးသေးဘူးရှင့်။ သရုပ်ဆောင်တွေရော၊ ဒါရိုက်တာတွေရော နန်းမြတ်တို့ ဖန်တီးမဲ့ ဟာတွေပေါ့။ ဗီစီဒီနဲ့ပတ်သတ်တာလေးတွေကို နဲနဲတော့ လျှို့ဝှက်ထားပါတယ်။ ဘရာဇီးသွားရင်းနဲ့ ဗီစီဒီရိုက်ခဲ့မလားဆိုတော့ အဲဒါလေးကလဲ မသေချာသေးဘူးရှင့်။ ခရီးကအချိန်လဲတိုက်တော့ အခြေအနေအရပေါ့နော်။ အခြေအနေပေးရင်တော့ ရိုက်ဖြစ်မှာပါ။”လို့ သူမက ပြောပါတယ်။