Lil Boosieဟာ မတ်လမှာ ထောင်ကလွတ်လာပြီးကတည်းက စက်ပစ္စည်းသစ်တွေနဲ့ စတူဒီယိုထဲမှာ သီချင်းတွေ လုပ်ပြီး သူ့စိတ်ကြိုက် သိုဝှက်ထားတဲ့ သီချင်းအပုဒ်တစ်ထောင်ကျော်နဲ့ ကြိတ်အောင်းနေခဲ့ပုံရပါတယ်။
Lil Boosieဟာ သူ့နောက်ထွက်မယ့် အယ်လ်ဘမ် ‘Touchdown 2 Cause Hell’ အတွက် အရေးအပါဆုံး single တစ်ပုဒ်ကို ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အရင်အသံသွင်းထားတဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ‘Grade A’ ကို ဒီနေ့ထုတ်ပေးလိုက်ပါတယ်။
ဒီသီချင်းထဲမှာ ဆေးခြောက်အကြောင်းတွေ မဖော်ညွှန်းထားပါဘူး။ ကယ်လီဖိုးနီးယားကနေ တရုတ်အထိ ကမ္ဘာအနှံ့က သူ့ရဲ့ ခပ်ဆိုးဆိုး ကောင်မတွေကိုလည်း လက်မြောက်အရှုံးပေးထားပါတယ်။ သီချင်းထဲမှာ Lil Boosie ဟာ မိန်းကလေးတွေကို ခွဲခြားဆက်ဆံထားတာမျိုး မရှိတာတွေ့ရမှာပါ။ တင်ကောက်ကြောင်းတိုင်းကို ထိန်းညှိုဖော်ပြထားတာကို တွေ့ရပါတယ်။
Ref:theboombox.com
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။