အနုပညာလှုပ်ရှားမှုတွေကို အရင်ကလို ဝေလေလေမလုပ်တော့ပဲ သေချာလေး လုပ်သွားမယ်လို့ဆိုတဲ့ ထွန်းထွန်း

dsc06485_resize.jpg

အနုပညာ လောကနဲ့ အနည်းငယ်မျှ ဝေးကွာသွားတဲ့အဆိုတော် သရုပ်ဆောင်ထွန်းထွန်းနဲ့တွေ့ဆုံခိုက်မှာ သူ့ရဲ့ စူပါစတား ဗီစီဒီထွက်ရှိမှုအခြေအနေနဲ့ ကားရိုက်တွေအကြောင်း မေးကြည့်လိုက်တဲ့အခါ “ခု စူပါစတားထွက်ဖို့က နောက်လကုန်ထဲ ရွှေ့ထားတယ်။ စီဒီနဲ့ဗီစီဒီဆို ကြားထဲမှာ ၂နှစ်လောက်ကြာသွားတယ်။ အကုန်လုံးလဲစီစဉ်ထားတယ်။ အဆင်လဲပြေတယ်။ ကမ္ဘာ့ဖလားပြီးမှပဲ အေးဆေးထွက်မယ်ဆိုပြီး စီစဉ်ထားလို့ပါ။ ဗီစီဒီကို ထူးထူးခြားခြား ရိုက်ထားတာမျိုးတော့မရှိဘူး။ ပရိသတ်တွေ ကြည့်နေကျ သာမာန်ပုံစံပါပဲ။ ခွဲထွက်ပြီး ရိုက်ထားတာမရှိပါဘူး။ အပုဒ်တိုင်းတော့ အစ်ကိုပါတယ်။ တခြားသူတွေကတော့ အစ်ကိုတို့နှင်းဆီအဖွဲ့ က သူတွေပါမယ်။ နောက်တခြားသူတွေလဲ အများကြီးပါပါတယ်။ ကိုယ်ကိုတိုင် သေချာကြိုက်တာဆိုရင် တစ်ခါပြန်ပြီးတော့တို့၊ ရဲတွေလာနေပြီတို့ဆို အရမ်းကြိုက်ပါတယ်။ အခု စူပါစတားအခွေပြီးရင် နောက်တစ်ခွေတွက် သီချင်းတွေ အကုန်ရွေးပြီးသွားပြီ။ သွင်းပြီးသားလဲ ရှိပါတယ်။ဘုတ်ထောင်ဖို့ကိုပဲ သေချာလုပ်ရမှာပါ။  ဘာလို့လဲဆိုတော့ စူပါစတားကို ထွက်ချင်လို့သာ ကြာနေတဲ့သဘောပေါ့။ အဲအခွေထဲမှာပါမဲ့ သီချင်းပုံစံတွေက ဒီထက်ပိုပြီးတော့ ရင့်ကျက်လာတဲ့ စာသားတွေနဲ့ ဒီထက်ပိုပြီး ပျော်စရာကောင်းတဲ့ အကြောင်းအရာတွေပေါ့။ စိတ်ညစ်စရာတွေတော့ မပါပါဘူး။ pop rockတွေလဲ ပါမယ်။ rap တွေလဲ ပါမယ်။ တေးရေးကတော့ ကျွန်တော်တစ်ယောက်တည်းရယ် featuring ၀ိုင်းဆိုပေးတဲ့ သူငယ်ချင်းတွေရယ် ဒါပါပဲ။ အဲဒီအခွေလေးကိုလဲ ဒီနှစ်ထဲမှာ ထွက်ဖို့စီစဉ်နေတာပါ။ ”လို့ သူက ပြောပါတယ်။

ဇာတ်ကားရိုက်နဲ့ပတ်သတ်ပြီးတော့လဲ သူက“ကားရိုက်ကတော့ ပြန်ရိုက်နေပါပြီ။ မထွက်သေးတာပေါ့နော်။ ပြီးခဲ့တဲ့ အပတ်ကတော့ ကိုညိုနဲ့ ရိုက်ထားတဲ့ ကားထွက်တယ်ပြောတယ်။ အခု ကျွန်တော်အရင်လို ဝေလေလေ မလုပ်တော့ပါဘူး။ ပြန်ပြီး အနုပညာလှုပ်ရှားမှုတွေကို သေချာလေး လုပ်ပါတော့မယ်”တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.