ချစ်စရာကောင်းသလို အထာလည်းကျတဲ့ လက်သည်းဒီဇိုင်းကို ကိုယ့်ဘာသာကိုယ် ပုံဖော်ကြည့်မယ်ဆိုရင်
၁။ ပထမဆုံး အဆင့်အနေနဲ့ လိုအပ်တာ လက်သည်းပုံဖော်တဲ့အခါ သုံးလေ့ရှိတဲ့ စတစ်ကာပါ။ အဲ့ဒါကို ပုံမှာပြထားသလို မျှားအချွန်လေးညှပ်ပြီး လက်သည်းထိပ်ပါ ကပ်ပေးဖို့ပါပဲ။ ဒါကို လက်သည်းမှာ ကပ်နေဖို့ သေချာအောင်လုပ်ပါ။ လက်သည်းထိပ်တွေကိုတော့ ကိုယ့်စိတ်တိုင်းကျ ပုံသွင်းလိုက်ပေါ့။ အရမ်းကြီးချွန်နေတဲ့ လက်သည်းမဟုတ်ပဲ ပုံမှာပြထားသလို လေးထောင့်စပ်စပ်လေးဆို ပိုအဆင်ပြေပါတယ်။
၂။ဒုတိယအဆင့်အနေနဲ့ကတော့ လက်သည်းဆိုးဆေးအောက်မှာ ပုံမှန်အတိုင်း base coat လေး ဆိုးရမှာပါ။ ကပ်ထားတဲ့ စတစ်ကာ ဘေးအပြင်ဘက်ကို ဆိုးပေးရမှာပါ။ လက်သည်းတိုင်းကို ဆိုးပေးဖို့ လိုပါတယ်။
၃။ပြီးတာနဲ့ ကိုယ်လိုချင်တဲ့အရောင်ကို ဆိုးရမှာပါ။ ပုံမှာပြထားတဲ့ အရောင်ကတော့ Pop orange လို့ခေါ်တဲ့ လိမ္မောရောင်ပေါ့။
၎။အဲ့ဒီနောက်မှာတော့ အပေါ်မှာ ကပ်ထားတဲ့ စတစ်ကာလေးကို ခွာလိုက်ရုံပါပဲ။ ဒါဆို အထာကျတဲ့ လက်သည်းဒီဇိုင်းလေးကို ရပါလိမ့်မယ်။ အားလုံးပြီးသွားတဲ့အခါ top coat လေးထပ်ဆိုးပေးလိုက်ရုံပေါ့။
Ref:cosmopolitan.com