ဖာဘရီဂတ်စ် ကို ဘာစီလိုနာကနေ ဒုတိယအကြိမ် ပြန်ခေါ်ဖို့ မျက်စိကျနေတဲ့ အာဆင်နယ်

images.jpg

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ တပည့်ဟောင်းဖြစ်သူ ဖာဘရီဂတ်စ်ကို ဘာစီလိုနာကနေ ပြန်ခေါ်ဖို့  အသင့်ဖြစ်နေပါပြီတဲ့။

ဒီနွေရာသီမှာ ဘာစီလိုနာဟာ ဖာဘရီဂတ်စ်ရဲ့ အပြောင်းအရွှေ့ ကို စဉ်းစားသွားဖို့ ရှိပြီး အာဆင်နယ်ကလည်း သူတို့ ရဲ့ အသင်းခေါင်းဆောင်ဟောင်းကို ပြန်ခေါ်ချင်နေပါတယ်။

အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာနေချင်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ဖာဘရီဂတ်စ်ကို ပေါင် သန်း ၃၀ နဲ့ ဘာစီလိုနာကို ရောင်းခဲ့စဉ်တုန်းက စာချုပ်မှာ အချက်တစ်ချက် ထည့်ချုပ်ဆိုခဲ့ပါတယ်။ တကယ်လို့ ဘာစီလိုနာဟာ ဖာဘရီဂတ်စ်ကို ပြန်ရောင်းချင်တယ်ဆိုရင် အာဆင်နယ်က ပထမဆုံးဦးစားပေးရမယ့်အသင်းလို့ ထည့်သွင်း ချုပ်ဆိုထားတာပါ။ တကယ်လို့ အာဆင်နယ်ဟာ ဖာဘရီဂတ်စ်ကို ပြန်ခေါ်ဖို့ အခွင့်အရေးကို မယူခဲ့ဘူးဆိုရင် တောင် တကယ်လို့ ဘာစီလိုနာက တခြားအသင်းကို ရောင်းချခဲ့ရင် အာဆင်နယ်က အကျိုးအမြတ် မျှဝေ ခံစားခွင့်ရှိပါသေးတယ်။

လောလောဆည် အာဆင်နယ်ဟာ အခြေအနေစောင့်ကြည့်အနေအထားသာရှိနေပြီး ဖာဘရီဂတ်စ်ကို ရောင်းမယ်ဆိုတာနဲ့ အပြောင်းအရွှေ့ ကိစ္စ ဆုံးဖြတ်ရတော့မယ့်အနေအထားပါ။ ဘာကာက ဖာဘရီဂတ်စ်ကို ပေါင် ၃၅ သန်းနဲ့ ရောင်းချဖို့ မျှော်မှန်းထားပါတယ်။

ဝင်းဂါးဟာ သူ့ ကွင်းလယ်အတွက် လုံလောက်နေပြီဆိုပေမယ့် တပည့်ဟောင်းကို ပြန်ခေါ်ဖို့  စိတ်ဝင်စားနေမှာပါ။ အာဆင်နယ်အသင်းဟာ အခုအပြောင်းအရွှေ့ ရာသီမှာ ရီးယဲလ်ဆိုစီဒက်ရဲ့ ဂရိဇ်မန်း ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကားလို့ စ်ဗီလာပါ ၀ယ်မယ့်စာရင်းထဲ ပါဝင်နိုင်ပါတယ်။

ကားလို့ စ်ဗီလာကို ရောင်းထုတ်ခဲ့စဉ်ကလည်း ဖာဘရီဂတ်စ်နည်းတူ ပြန်ဝယ်ရင် ဦးစားပေးရမယ်ဆိုတဲ့ အချက်ကို စာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

Ref: Mirror.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.