ခုနောက်ပိုင်း ခေတ်စားနေတဲ့ ဆံပင်ပုံစံထက် ကိုယ်နဲ့လိုက်ဖက်တဲ့ ပုံစံကိုပဲ ရွေးချယ်လာကြတယ်လို့ ဆိုလိုက်တဲ့ Aroma (Zulu Studio)Wedding Studio & Photo Studio မှ ကိုအောင်မြတ်သူ

နှစ်နှစ်ကျော်ကာလအတွင်းမှာ အောင်မြင်မှုရရှိခဲ့တဲ့ Aroma (Zulu Studio) Wedding Studio & Photo Studio က တာဝန်ရှိသူဖြစ်တဲ့ ကိုအောင်မြတ်သူကို မိုးရာသီမှာ ခေတ်စားမယ့် ဆံပင်ပုံစံတွေအကြောင်း အလှအပရေးနှစ်ခြိုက်တဲ့ ပျိုမေတွေအတွက်ရော၊ hairstyle ပိုင်းကို စိတ်ဝင်စားတဲ့ ကိုကိုတွေအတွက်ပါ သိချင်တာလေးတွေ မေးမြန်းကြည့်တဲ့အခါ

Aroma အနေနဲ့ ၂၀၁၄မှာ ဆံပင်ဖက်ရှင်ပုံစံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ခေတ်စားနေတယ် ဆိုတာ ပြောပေးပါ။

အမျိုးသားတွေအနေနဲ့ One Way အထောင်ပုံစံတွေမဟုတ်ပဲ လွန်ခဲ့တဲ့ တစ်နှစ်က ခေတ်စားတဲ့ အလှဲပုံစံ မဟုတ်ဘူး။ တစ်ဖက်ကို အပြောင်သိမ်းပြီးတော့ တစ်ဝက်လောက်ကို ထောင်ထားမယ်။ တစ်ဝက်လောက်ကို လှဲထားမယ်ပေါ့။ အဲဒီလိုမျိုး ပုံစံခေတ်စားတယ်လို့မြင်တယ်။ ကာလာအရောင်နဲ့ ပတ်သက်ပြီး အဝါဘက် သွားတာကို ပိုခေတ်စားမယ်လို့ မြင်ပါတယ်။ အမျိုးသမီးတွေ ဆံပင်ကို အကောက်ကလေးတွေ ကောက်မယ်။ အလိပ်ကြီးတွေ မဟုတ်တော့ဘူး။ အလိပ်ကြီးတွေက သူတို့ လုပ်ရတာပျင်းလာပြီ။ အလိပ်သေးသေး တွန့်တွန့်လေးတွေ ပိုနှစ်သက်လာတယ်လို့ မြင်ပါတယ်။ အရင်တုန်းကတော့ ဘယ်ဟာဘယ်ဟာဆိုတာ လိုက်လုပ်ကျတယ်။ အခုခေတ်က ကိုယ်နဲ့ လိုက်ဖက်မယ့် ဒီဇိုင်း၊ ကိုယ်နဲ့ လိုက်ဖက်မယ့် ပုံစံတွေကိုပဲ လူတွေက ဦးစားပေးပြီး လုပ်လာတယ်။ သူများလုပ်လို့ လိုက်လုပ်တာမျိုး သိပ်မရှိတော့ဘူး။ အပြင်လူတွေကတောင် Celebrity တွေ ထက်ပိုပြီးတော့ ဖက်ရှင်တွေကို ဦးစားပေးလာတယ်။ စိတ်ဝင်စားလာတဲ့ ခေတ်ကိုရောက်လာပြီ။

မိုးရာသီအတွက် ဆံပင်ပုံစံနဲ့ပတ်သက်ပြီး ဘယ်လိုခေတ်စားနေလဲ။

မိုးရာသီဆိုရင် ဆံပင်ဖြောင့်တဲ့ရာသီလို့လူတွေက သတ်မှတ်ကြတာပေါ့နော်။ မိုးရာသီဆိုတော့ပွဲလမ်း သဘင်တွေလည်း မသွားဖြစ်ဘူး။ ဆံပင်ကိုလည်း ရိုးရိုးရှင်းရှင်းနဲ့ ပေါင်းတင်တာတွေလုပ်မယ်။ ပြီးတော့ Aroma မှာဆံပင်နဲ့ ပတ်သက်ပြီး ခေတ်စားတာက Reborn ဆံပင်သားကို အသစ်ပြန်ပြီးတော့ မွေးဖွားပေးတာရှိတယ်။ အဲဒီ့ဟာကတော့ ခေတ်စားတယ်။ Hair Spa အနေနဲ့ ဦးရေပြား ကျန်းမာရေး ကောင်းအောင် ကြိုးစားပြီးလုပ်ပေးတယ်။

Aroma ရဲ့Customer တွေကရော ဘယ်လိုဆံပင်ပုံစံမျိုးတွေ အလုပ်များလဲ။

ကျွန်တော့်ရဲ့ဆိုင်က ဟော့ရှော့ဆိုင်မဟုတ်ဘူး။ ပုံမှန်သွားနေတာဆိုတော့ အရမ်းဟော့တဲ့ Service မျိုးတွေတော့ မလုပ်ထားပါဘူး။ ဆံပင်ကာလာဆိုလည်း အနီရဲရဲတောက်တောက်တွေ ဆိုးတာမျိုးမရှိပါဘူး။ တကယ်ငြိမ်ပြီး Classic ဖြစ်တဲ့အရောင်မျိုးတွေပဲ လုပ်ပေးဖြစ်တာများပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.