ဆယ်ကျော်သက်အရွယ်တုန်းက ကလေးအဖေတစ်ယောက်ဖြစ်နိုင်ခဲ့တဲ့ အခြေအနေကနေလွတ်မြောက်ခဲ့တယ့်အတွက် ကံကောင်းတယ်လို့ ခံစားမိကြောင်း Channing Tatum ကပြောပါတယ်။
ဇနီးဖြစ်သူ Jenna Dewan-Tatum နဲ့ရတဲ့ ၁၁ နှစ်အရွယ်သမီး Everly တစ်ယောက်ထွန်းကားခဲ့တဲ့ ၃၄ နှစ်အရွယ် မင်းသားဟာ အသက် ၁၈ နှစ်အရွယ်တုန်းက Florida ပြည်နယ် Tampa မှာ အဖေါ်အချွတ်ကချေသည် ဖြစ်ခဲ့တာဖြစ်ပါတယ်။ Tatum တစ်ယောက် သူ့အနားမှာရှိခဲ့တဲ့ ဖျားယောင်းမှုတွေ နောက်မလိုက်ခဲ့တာကို စိတ်သက်သာရာရကြောင်းပြောပါတယ်။
‘ခင်ဗျားနားမှာ လိင်စိတ်ထကြွစေပြီး အန္တရာယ်ရှိတဲ့အရာတွေရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေကတစ်ချိန်ထဲမှာ အသက် ၁၉ နှစ်အရွယ်ကောင်ကလေးတစ်ယောက်အတွက် ပျော်စရာလဲကောင်းပါတယ်။ ပိုက်ဆံ၊ မိန်းမတွေနဲ့ ပျော်စရာကောင်းတဲ့ကာလပေါ့။ ကျွန်တော်ကံကောင်းပါတယ်။ ကျွန်တော် မူးယစ်ဆေးမစွဲခဲ့ဘူး။ ဘယ်တစ်ယောက်ကိုမှ ကိုယ်ဝန်ရှိအောင်မလုပ်ခဲ့ဘူး။ ကျွန်တော်တကယ်ကို ကံကောင်းတာဖြစ်မယ်’ လို့ပြောပါတယ်။
Ref:starpulse.com