စွန့်စားခြင်းရဲ့ ခံစားမှုကို ရတဲ့နေရာမှာ Millie နဲ့ယှဉ်နိုင်တဲ့ ကြောင်အနည်းငယ်သာရှိပါတယ်။ တောရိုင်း တောင်တက်ကြောင် တွေတောင်ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
Millie ဆိုတာ Craig Armstrong ဆိုသူ မွေးထားတဲ့ အိမ်မွေးကြောင်လေးပါ။ Mille ဟာ သူ့သခင်နဲ့အတူ သူ့ဇာတိ Utah ပြည်နယ်မှာရှိတဲ့ တောင်တွေ၊ ရေ လေ တိုက်စားထားတဲ့ ကျောက်တုံးကြီးတွေပေါ်ကို ကုတ်ကပ်တက်ရတာ ကြိုက်နှစ်သက်ပါတယ်။
ဒီချစ်စရာကြောင်လေးကို ရက်သားအရွယ်မှာပဲ မူရင်းသခင်တွေက စွန့်ပစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကံကောင်းစွာပဲ တောင်တက်ရူးသွပ်သူ မစ္စတာ Armstrong က သူမကို မွေးစားခဲ့ပါတယ်။ ခုဆို မစ္စတာ Armstrong ရဲ့ တခြားကြောင်တွေက အိမ်မှာရှိနေတုန်း Millieကတော့ စနေ၊ တနင်္ဂနွေနေ့ တိုင်းမှာ သူ့သခင်နဲ့အတူ တောကြမ်းခရီးတွေ ထွက်ပြီး အဲ့ဒီ့မှာပဲ အတူတူ ညစခန်းချပြီး နေကြပါတယ်။
‘ကျွန်တော်သွားတဲ့နေရာတိုင်းကို ခေါ်သွားလို့ရမယ့် အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်တော့ တစ်နေ့နေ့မှာ ရလာလိမ့်မယ်ဆိုတာ ကျွန်တော် သိပြီးသားပါ။’ လို့ အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ Armstrong ကပြောခဲ့ပါတယ်။
Ref:dailymail.co.uk