မိသားစုဟာသဇာတ်ကား Alexander and the Terrible, Horrible, No Good, Very Bad Day

alexander_and_the_terrible.jpg

 

၁၁ နှစ်သား Alexander ရဲ့ငယ်ဘ၀မှာတော့ အဆိုးဝါးဆုံးနေ့ ဖြစ်ပါတယ်။ ဆံပင်မှာ ပီကေကပ်လျက်နိုးထလာခဲ့ပြီး အခြားသူတွေကို ပျက်ဆီးဆုံးရှုံစေမှုတွေ တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေပါတယ်။ Alexander တစ်ယောက်သူ့ရဲ့ဆိုးဝါးတဲ့တစ်နေ့တာအဖြစ်အပျက်ကို အကောင်းမြင်တတ်တဲ့ သူ့မိသားစုကို ပြောပြတဲ့အခါမှာတော့ သနားတာသိပ်မခံရဘဲ ဒီကံမကောင်းမှုတွေက သူ့ဆီမှာပဲဖြစ်နေတယ်လို့ စပြီးထင်လာပါတယ်။ မကြာခင်မှာတော့  Alexander တစ်ယောက်ထဲ မဟုတ်ဘဲ သူ့ရဲ့အစ်ကို၊ အစ်မ၊ အမေ၊ အဖေတွေကလည်း သူတို့ရဲ့ကိုယ်စီဘ၀ထဲမှာ စိတ်ပျက်စရာပြသဒါးနေ့ကို ကြုံတွေ့နေတယ်ဆိုတာ သိခဲ့ပါတယ်။

Alexander and the Terrible, Horrible, No Good, Very Bad Day ဟာအမေရိကန် မိသားစုဟာသဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Miguel Arteta ကရိုက်ကူးထားတာဖြစ်ပါတယ်။ နည်မည်ကြီး ဟာသမင်းသား Steve Carell ပါဝင်သရုပ်ဆောင်ထားပါတယ်။ Judith Viorst ရဲ့ ၁၉၇၂ ခုနှစ်ထုတ်နာမည်တူစာအုပ်ကိုအခြေခံထားပါတယ်။ ကျန်သရုပ်ဆောင်တွေကတော့ Jennifer Garner, Ed Oxenbould တို့ဖြစ်ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာထုတ်ဖို့စီစဉ်ထားပါတယ်။

Ref:Wikipedia.org

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.