အတွင်းခံနဲ့ကိုယ်ဟန်ပြခဲ့တဲ့ Next Top Modelဆုရှင် Whitney Thompson

xwhitney-thompson-picture.jpg.pagespeed.ic_.oppkusd4uq.jpg

အမေရိကန်Next Top Modelဆုရှင် Whitney Thompsonဟာ ဖျော်ဖြေမှုလောကထဲကကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ Panacheကုမ္ပဏီကထုတ်တဲ့ အမျိုးသမီးအတွင်းခံ အရောင်းမြှင့်တင်ရေးအတွက် ဗြိတိန်သွားပြီး ကိုယ်ဟန်ပြခဲ့တာပါ။ အဲ့ဒီ့ပွဲမှာ ဆိုဒ်အကိတ်တွေကို မော်ဒယ်အကိတ်က ကိုယ်ဟန်ပြခဲ့တာဖြစ်တဲ့အတွက် အထူးအဆန်းသတင်းဖြစ်ခဲ့ပါတယ်။ ရင်ဆိုဒ် Dကနေ Jထိရှိပြီး ခါးဆိုဒ် ၃၆ကနေ ၄၆ထိရနိုင်တယ်လို့သိရပါတယ်။

အမေရိကရဲ့ ပထမဆုံးအကိတ်မော်ဒယ် Thompsonဟာ ဖောက်သည်တွေအတွက် သဘာဝကျကျ ပုံပန်းလှလှနဲ့ ကိုယ်ဟန်ပြနိုင်ခဲ့တယ်လို့ Panacheကုမ္ပဏီကပြောခဲ့ပါတယ်။

‘ဒီအတွင်းခံတွေကို ၀တ်လိုက်တဲ့အခါ ကျွန်မကိုယ်ကျွန်မ မိန်းမဆန်တယ်၊ စွဲဆောင်မှုရှိတယ်လို့ ခံစားရတယ်။ ဒီအတွင်းခံတွေက ကျွန်မနဲ့ ကျွန်မလိုကောက်ကြောင်းလှပြီး ခပ်လုံးလုံးအမျိုးသမီးတွေအတွက် သိပ်ကိုအရေးပါပါတယ်။ မိန်းမဆန်တဲ့အမျိုးသမီးတွေအနေနဲ့ ဒီလိုbrandမျိုးကို ၀တ်ဖို့အချိန်တန်ပါပြီ။’လို့ မော်ဒယ်Whitney Thompsonကပြောခဲ့ပါတယ်။

Whitney Thompsonဟာအသက်က ၂၆နှစ်၊ အရပ်၅ပေ ၁၀လက်မ၊ ဖလော်ရီဒါပြည်နယ်ဖွား Whitney Thompsonဟာ အကိတ်လူပျို၊ အပျိုတွေအတွက် The Big and the Beautifulအမည်ရှိတဲ့ ချိန်းတွေ့ရေးဝဘ်ဆိုက်တစ်ခုကိုလည်း မကြာသေးမီကမှ တည်ထောင်ခဲ့ပါသေးတယ်။ 

Ref:thehollywoodgossip

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.