သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ဒေါင်း

1426318_553618598052523_1115379249_n.jpg

ဆာတိုရီထုတ်လုပ်ရေးရဲ့ခေါင်းဆောင်မင်းသား တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဒေါင်းကို သရုပ်ဆောင် ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “ကျွန်တော် လတ်တလောမှာတော့ ဗီဒီယိုဇာတ်ကား ရိုက်ကူးဖို့ မရှိသေးပါဘူး။ ဒါပေမယ့် သရုပ်ဆောင်မှုအပိုင်းနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ၊ လေ့ကျင့်မှုတွေ လုပ်နေရပါတယ်။ ကြိုပြီးတော့ ကာရိုက်တာအစုံကို သရုပ်ဆောင်ပြီး လေ့ကျင့်နေပါတယ်။ ကိုယ်ရိုက်ထားတဲ့ ဗီဒီယိုဇာတ်ကားကို ပြန်ကြည့်လိုက်ရင် ကိုယ့်ကိုကိုယ် ကျေနပ်အားရမှုတော့ မရှိသေးပါဘူး။ အများကြီး လိုအပ်ချက်တွေ ရှိသေးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အတတ်နိုင်ဆုံး၊ အကောင်းဆုံး စိတ်ရောကိုယ်ပါနှစ်ပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်က ဘယ်အလုပ်မဆို ပေါ့ပေါ့တန်တန် မလုပ်တတ်တဲ့သူ တစ်ယောက်ဖြစ်လို့ပါ။  နောက်ပြီး အနုပညာအလုပ်ကို ဝါသနာပါတယ်။ အနုပညာဆိုတာ ကြည့်လိုက်ရင် လွယ်တယ်ထင်ရပေမယ့် အင်မတန်မှ အနုစိတ်တဲ့ အရာတစ်ခုပါ။ သင်ယူလို့ ဆုံးမယ်မထင်ပါဘူး။ ကျွန်တော်ကတော့ အခုချိန်ထိ ကိုယ့်ကိုကိုယ် သရုပ်ဆောင်ကောင်း တစ်ယောက်လို့ မခံယူထားရဲသေးပါဘူး။ ရှေ့ဆက်ပြီး နောက်ထပ် အနုပညာအလုပ်တွေကို လုပ်ကိုင်သွားရအုံးမှာ ဆိုတော့ အများကြီး ကြိုးစားပြီးလျှောက်လှမ်းသွားရအုံးမှာပါ။ ကျွန်တော်က အနုပညာခရီးလမ်းမှာ သရုပ်ဆောင်ကောင်း တစ်ယောက်အဖြစ်နဲ့ ရပ်တည်သွားမှာပါ။ အဲဒီ့အတွက် ကျွန်တော့်ကို ပရိသတ်ကြီးက အားပေးကြပါ။ ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့ ဆက်ပြီး ရပ်တည်သွားချင်ပါတယ်။ ကျွန်တော့်ရဲ့ဗီဒီယိုဇာတ်ကားတွေ ထွက်လာရင်လည်း ကြည့်ပြီးတော့ ကျွန်တော့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို ဝေဖန်ပေးကြပါဦး”လို့ သူက ဆိုပါတယ်။

         

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.