Kanye West နဲ့ Kim Kardashian တို့ ရဲ့ မင်္ဂလာပွဲမှာ Lana Del Ray ဖျော်ဖြေပေးမည်

lana_del_ray.jpg

အသက် ၂၇ နှစ်အရွယ် ပေါ့ပ်ကြယ်ပွင့် Lana Del Ray ဟာ ပါရီ ဒါမှမဟုတ် အီတလီ နိုင်ငံ ဖလောရင့်စ် မှာ ကျင်းပမယ့် Kanye West နဲ့ Kim Kardashian တို့ ရဲ့ မင်္ဂလာပွဲအခမ်းအနားမှာ တက်ရောက် ဖျော်ဖြေ ပေးမယ် လို့ ကတိပြုလိုက်ပါတယ်။ Yeezy (Kanye West) ဟာ ဒီမင်္ဂလာဆောင်ကို အခမ်းနားဆုံးလုပ်ဖို့ စီစဉ်ထားပြီး ဒေါ်လာ သုံးသန်းလောက် ကုန်ကျ မယ်လို့ ခန့် မှန်းထားပါတယ်တဲ့။

Lana Del Ray ဟာ သူမရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ Young and Beautiful ကို သီဆိုဖျော်ဖြေသွားဖို့ ရှိပြီး Kim ဟာ ဒီသီချင်းကို အရမ်းကြိုက်နှစ်သက်တယ်ဆိုတဲ့အကြောင်းကို Twitter မှာ လူသိရှင်ကြား ပြောဖူးပါသေးတယ်။

Lana ဟာ Kim တစ်ယောက် တတိယအကြိမ် မင်္ဂလာဆောင်တာကို အမေရိကနေ တက်ရောက်အားပေးမယ့် နာမည်ကြီး တွေ တစ်လှေကြီးထဲက တစ်ယောက်ဖြစ်ပါတယ်။ ဧည့်သည်တော်စာရင်းမှာတော့ ဘတ်စကတ်ဘောကြယ်ပွင့် Kris Humphries ၊ တေးသံသွင်းပရိုဂျူဆာ Damon Thomas ၊ Vogue အယ်ဒီတာ Anna Wintour ၊ ဒီဇိုင်နာ Riccardo Tisci နဲ့ Donatella Versace စတဲ့ နာမည်ကြီးတွေ အများအပြားပါဝင်ပါတယ်။

Jay-Z နဲ့ Beyonce တို့ ကိုလည်း သူတို့ ကတိပေးထားတဲ့အတိုင်း မင်္ဂလာပွဲကို တက်ရောက်ဖို့  မျှော်လင့်ထားကြောင်း Kayne နဲ့ Kim တို့ အတွဲက  ပြောကြားခဲ့ပါတယ်။

မင်္ဂလာဆောင်ကို ဒီလ ၂၄ ရက်နေ့ စနေနေ့ မှာ ကျင်းပမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Ref: Mirror.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.