တစ်အိမ်လုံး ညနဲ့ အတူတိတ်သွားပေမယ့်
အမောတွေကျိတ် ကျိတ်တိုး ကျန်ခဲ့ ။
လူဆင်းရဲ မိသားစု ဆိုတာ ခက်ခဲတယ်
ခေါင်းရင်း ဆွေမမည်၊ ခြေရင်း မျိုးမဟုတ်
လူလက်တစ်ဆုတ် ရေစက်ရှိသော အပူမှာအတူလာလှုံကြတာ။
မာခြင်းအဆင့်တန်ဖိုးပြ အိမ်တွင်းစည်ရုံး အတတ်တွေလည်း
ကံဟာကျားနာလို ရှုံးမဲပဲမဲနေပုံနဲတော့
ဘယ်လိုမှနက်ဖြန် ကို လုံခြုံတယ် မထင်ကြတာကြာပြီ။
ဝဋ်မကုန်တော့ ပြန်ပြန်ဆုံနေရတယ်
ကံလူကြုံပါးလိုက်သော တောင် အတက်တွေနဲ့ ချည်း။
စားဝတ်နေရေးက အားလုံး ငွေနဲ့စက်ရတာ
အမှောင်သာ မ၀ယ်ရဘူး၊ အိပ်ကြ အိပ်ကြ။
ဘယ်သူမှ မနိုးပါစေနဲ့လို့
ဆေးလိပ်မီးကို အသံအုပ် ညှိမိတဲ့ အလင်းလေးမှာ
သက်ပြင်း ကြီး၊သေး၊ နီး၊ဝေးတွေ အစီအစီ
ရောင်နီရေ ၊ဘယ်သူမှ မအိပ်ပျော်သေးဘူး၊ဒီည နေဦး။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။