နှစ်နာရီအတွင်း အရက်ပါတဲ့သောက်စရာ ၄ခွက်သောက်ခြင်းဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိ

alcoholic_drinks.jpg

 

လေ့လာမှုသစ်တစ်ရပ်အရ၊ တစ်ထိုင်တည်းနဲ့ အရက်ကို စိတ်ရှိလက်ရှိသောက်ခြင်းဟာ အူထဲက ဘက်တီးရီးယားတွေကို စိမ့်ထွက်စေပြီး ကျန်းမာရေးကို ထိခိုက်စေခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒီ့အပြင် သွေးထဲက အဆိပ်အတောက်ပမာဏကိုလည်း မြင့်တက်စေပါတယ်။ Endotoxin လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းအဆိပ်တွေဖြစ်ပြီး သွေးထဲမှာ ဘက်တီးရီးယားဆိုင်ရာ DNA အထောက်အထားတွေကို တွေ့ရတာပါ။

နှစ်နာရီအတွင်းမှာ အရက်ပါတဲ့ အဖျော်ယမကာ ၄ခွက် (အမျိုးသားများ ၅ခွက်) ထပ် ပိုသောက်တဲ့အခါ သူတို့ရဲ့ အူတွေထဲက ဘက်တီးရီးယားတွေ စိမ့်ထွက်လာပြီး သွေးထဲက အန္တရာယ်ရှိ အဆိပ်အတောက် ပမာဏမြင့်တက်လာတယ်လို့ မန်ဆာချူးဆက် ဆေးတက္ကသိုလ် က သုတေသီတွေက သတိပေးထားပါတယ်။ အဲ့ဒီ့လို သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားတုံ့ပြန်မှုကိုလည်း နှိုက်ထုတ်သွားနိုင်ပါတယ်။ ကျန်းမာနေတဲ့ သူပေါ်မှာတောင် ဆိုးကျိုးသက်ရောက်မှုတွေ ရှိပါတယ်။

Ref:techtimes.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.