Daniel Craig တစ်ယောက် James Bond ဇာတ်ကောင်အဖြစ်သရုပ်ဆောင်တာကိုအဆုံးသတ်ခဲ့ပြီးတဲ့နောက် James Bond နေရာမှာ သူသရုပ်ဆောင်မယ်ဆိုတဲ့ကောလဟာလတွေကို Idris Elba က ရှင်းလင်းငြင်းဆိုခဲ့ပါတယ်။
ဒီကိစ္စကရောထွေးနေတုန်းပဲဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော်အမြဲပြောပါတယ်။ တကယ်လို့အဲဒီ့ကိစ္စတစ်ကယ်ဖြစ်ခဲ့ရင် ပြီးတော့ ဒီသရုပ်ဆောင်နေရာ ကျွန်တော့်ကိုကမ်းလှမ်းခဲ့ရင် ဒါဟာနိုင်ငံတစ်နိုင်ငံရဲ့ဆန္ဒဖြစ်ပါလိမ့်မယ်။ “wow! လူသားတွေကအရမ်းစွမ်းအားကြီးတာပဲ။ ဒီကိစ္စတကယ်ဖြစ်ခဲ့ပြီ” ဆိုပြီးဖြစ်သွားလိမ့်မယ်။ ဒီကိစ္စကိုသူတို့ဖြစ်အောင်လုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ producer Barbara Brocoli ကမလုပ်ခဲ့လို့ပဲ” လို့ Huffington Post ကို Elba ကပြောပြသွားပါတယ်။
ဒီကောလဟာလတွေဟာ အမှန်မဟုတ်ကြောင်း Elba က ITV ရဲ့ Lorraine Kelly ကိုပြောပြပါတယ်။ “ကျွန်တော် လူမည်း Bond ဆိုတဲ့စကားလုံးကို အမြဲမုန်းတီးလာခဲ့တာ။ ကျွန်တော်နားမလည်နိုင်ပါဘူး။ ကျွန်တော်တို့ လူဖြူ Bond လို့မပြောဘူး။ Bond လို့ပဲပြောတယ်။ လူမည်းတစ်ယောက်ပေါ်လာကြည့် သူက လူမည်း Bond ဖြစ်သွားလိမ့်မယ်။ ဒါကြောင့်ဒီစကားလုံးကိုကျွန်တော်မုန်းပါတယ်။ ဒါဟာထိန်းလို့သိမ်းလို့မရတဲ့ ကောလဟာလတစ်ခုဖြစ်နေပါပြီ။ အဓိကအားဖြင့်တော့ ဒါဟာကောလဟာလသက်သက်ပါ။ ဘာပဲဖြစ်ဖြစ်အမှန်မဟုတ်ပါဘူး” လို့ပြောပါတယ်။
Ref:starpulse