Cannes ရုပ်ရှင်ပွဲတော်က Gotha ကလပ်မှာ Wesley Snipes နဲ့ ရက်ပ်ပြိုင်ရွတ်သွားတဲ့ Justin Bieber

5c08f9-98490104.jpg

ပေါ့ပ်ဂီတရဲ့ လူဆိုးလေးလို့ သတ်မှတ်ထားတဲ့ Justin Bieber ဟာ မနေ့ ညက ကိန်းရုပ်ရှင်ပွဲတော်က နိုက်ကလပ်တစ်ခုမှာ ဟောလီးဝုဒ်မင်းသားကြီး Wesley Snipes နဲ့ ရက်ပ်ပြိုင်ရွတ်သွားခဲ့ပါတယ်။

Gotha Club မှာတူတူရှိနေတဲ့ သူတို့ နှစ်ယောက်ဟာ ပရိတ်သတ်တွေ ၀ိုင်းထားတဲ့အလယ်မှာ ရက်ပ်တူတူရွတ်ခဲ့တာ ဖြစ်ပါတယ်။

Bieber ဟာ အင်္ကျီတောင် ကောက်ချွတ်လိုက်ပြီး သူ့ ရဲ့ တက်တူးတွေကို ကြွားလိုက်ပါသေးတယ်။

ကလပ်ဟာ The Expendables 3 ရုပ်ရှင်သရုပ်ဆောင်တွေအတွက် ပါတီပွဲလုပ်ပေးနေခဲ့တာပါ။ ဟောလီးဝုဒ်ကြယ်ပွင့်ကြီးတွေဖြစ်တဲ့ Sylvester Stallone,Arnold Schwarzenegger နဲ့ Harrison Ford တို့ ပါ ညနေပိုင်းမှာ တက်ရောက်လာခဲ့ပါတယ်။

Bieber ဟာ Vanity Fair နဲ့ Giorgio Armani ပါတီပွဲတွေကို မတက်ရောက်ခင် တစ်ညကလည်း Gotha ကလပ်မှာ ၄၂ နှစ်မြောက် မွေးနေ့ ကျင်းပနေတဲ့ Busta Rhymes နဲ့ တွဲဖျော်ဖြေခဲ့ပါသေးတယ်။

Ref: Mirror.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.