၅နှစ်သားလေးရဲ့ စူပါဟီးရိုးချစ်မြတ်နိုးမှုကို ဖြည့်ဆည်းပးခဲ့တဲ့ ဈာပန

superhero-pallbearers.png

 

စူပါဟီးရိုး စူပါပရိသတ် ဖြစ်တဲ့ ၅နှစ်သား Brayden Denonဟာ ကင်ဆာဖြစ်နေတဲ့ ဦးနှောက်အကျိတ်ရောဂါကို ၁၃လကြာ ရဲစွမ်းသတ္တိရှိရှိနဲ့ တွန်းလှန်တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်၊ အင်ဒီးယားနားပြည်နယ်၊ ကန့်လန်းဒ် မြို့သားလေးဟာ မေလ ၈ရက်နေ့မှာ သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ဈာပနမှာ ခေါင်းတလားထမ်းသူတွေဟာ သူအရမ်းချစ်မြတ်နိုးတဲ့ စူပါဟီးရိုးတွေလို ၀တ်ဆင်ပြီး ကျင်းပခဲ့ပါတယ်။

“သူက ပင်ကူလူသား ပရိတ်သတ်ကြီးပါ။ သူ့မှာ အရုပ်တွေအားလုံးရှိတာကြောင့် ပင်ကူလူသားကိုပဲ ကြိုက်ခဲ့တာမဟုတ်ဘူး။ သူဟာ တကယ့်ကို စူပါဟီးရိုးတိုင်းကို ကြိုက်ခဲ့တာပါ။” လို့ Braydenရဲ့ မိခင်ဖြစ်သူ Staci Dentonက WLFI News 18 ကိုပြောပြခဲ့ပါတယ်။ ခင်ပွန်းမရှိတော့ပြီဖြစ်တဲ့ မိခင်က သူမရဲ့သားဟာ အနောက်တိုင်းဝတ်စုံတွေ၊ လည်စည်းတွေဝတ်ထားတဲ့ သူတွေကို ဂရုစိုက်မှာမဟုတ်ဘူးလို့ ခံစားခဲ့ရပါတယ်။ ဒါကြောင့် အဲ့ဒီအစား Staci ဟာ သူမသားရဲ့ စူပါဟီးရိုးချစ်မြတ်နိုးမှုကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

Ref:news.yahoo.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.