မိုနာကို ဘောလုံးအသင်းပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုး Dmitry Rybolovlev ဟာ ဇနီးဟောင်းဖြစ်သူ Elena Rybolovleva ကို လျော်ကြေးငွေ စတာလင်ပေါင် ၂.၇ ဘီလီယံ ပေးဖို့ တရားရုံးက အမိန့် ချလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့အများဆုံးကွာရှင်းကြေးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ တရားရုံးက အသက် ၄၇ နှစ်အရွယ် Dmitry Rybolovlev ကို သူနဲ့ ၂၄ နှစ်ကြာအတူ လက်တွဲ ခဲ့တဲ့ ဇနီးဟောင်းဖြစ်သူ Elena ကို သူ့ ရဲ့ပိုင်ဆိုင်မှုအကုန်လုံးရဲ့ တစ်ဝက်ဖြစ်တဲ့ ပေါင် ၂.၆ ဘီလီယံကျော် ပေးချေဖို့ အမိန့် ချမှတ်ခဲ့တာပါ။
တရားရုံးမှာ ၂၀၀၈ ခုနှစ်က စတင်အမှုရင်ဆိုင်ခဲ့ပြီးနောက် ခြောက်နှစ်အကြာမှာ အမိန့် ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Mr.Rybolovlev ဟာ သူ့ ရဲ့ ဓာတ်မြေသြဇာလုပ်ငန်းကနေ ဘီလျံနာသူဌေးဖြစ်လာခဲ့သူဖြစ်ပါတယ်။ သူ ရဲ့ အမေရိကန်ပြည်ထောင်စုက စံအိမ်ကြီးနှစ်ခုနဲ့ ပေါင် သန်း ၁၀၀ တန်တဲ့ ဂရိကျွန်းစုတစ်ခုကို တရားရုံးမှာ ခြောက်နှစ်ကြာ ပိုင်ဆိုင်ခွင့် ငြင်းဆန်ခဲ့ပြီးနောက် အခုလို လျော်ကြေးငွေပေးခဲ့ရတာဖြစ်ပါတယ်။
Mrs.Rybolovlev နေထိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံမြို့ တော် ဂျီနီဗာ မှာ မကြာခင် Mr.Rybolovlev တစ်ယောက် ချက်လက်မှတ်ကို လက်မှတ်ထိုးပေးရတော့မှာပါ။ ဒါ့အပြင် Mrs.Rybolovlev ဟာ သူတို့ နှစ်ယောက်ရဲ့ ၁၃ နှစ်အရွယ် သမီးလေး Anna ကို ထိန်းသိမ်းခွင့်ပါရရှိခဲ့ပါတယ်။
အရင် ကမ္ဘာ့အများဆုံးကွာရှင်းစရိတ် စံချိန်ဟောင်းကတော့ ပြင်သစ်ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် Alec Nathan Wildenstein နဲ့ Jocelyn Wildenstein တို့ ကွာရှင်းမှုဖြစ်ပြီး ကွာရှင်းစရိတ် ဒေါ်လာ ၂.၅ ဘီလီယံ ပေးချေခဲ့ရပါတယ်။
Ref: Dailymail.co.uk