အရက် အလွန်အကျွံ သောက်သုံးမှုကြောင့်ဖြစ်တဲ့ ကျောက်ကပ်နဲ့ အသည်းရောဂါတွေကြောင့် ပြီးခဲ့တဲ့လက ဆေးရုံတက်ခဲ့ရတဲ့ Sum 41 အဆိုတော်

sum_41_frontman_hospitalized_for_past_month_due_to_kidney_and_liver_failure.jpg

 

Sum 41 အဖွဲ့ရဲ့အဆိုတော် Deryck Whibley တစ်ယောက် အရက် အလွန်အကျွံ သောက်သုံးမှုကြောင့်ဖြစ်တဲ့ ကျောက်ကပ်နဲ့ အသည်းရောဂါတွေနဲ့ ပြီးခဲ့တဲ့လက ဆေးရုံတင်ထားခဲ့ရတာဖြစ်ပါတယ်။ Deryck  ရဲ့ကိုယ်ပိုင် website တစ်ခုမှာ သူက အရက်ထပ်သောက်လို့ မရဘူးဆိုတာကို သိရှိခဲ့ရကြောင်း ဖေါ်ပြခဲ့ပါတယ်။

“အားလုံးပဲ။ ကျွန်တော် Deryck ပါ။ ကျွန်တော်မကြာသေးခင်ကာလတွေက ပျောက်ကွယ်နေတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့်ကျွန်တော် ဆေးရုံပေါ်မှာတစ်လလောက် အရမ်းနေမကောင်းဖြစ်နေခဲ့ပြီး ဆေးရုံမတက်ခင် ရက်သတ္တပတ်တွေတုန်းကလည်း တော်တော်လေးနေမကောင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်အလွန်နေမကောင်းဖြစ်ရတဲ့အကြောင်းက ကျွန်တော်နှစ်ပေါင်းများစွား အရက်အလွန်အကျွံသောက်သုံးလာခဲ့တာကြောင့်ပါ။ ဒီကိစ္စကျွန်တော့်ကိုထိခိုက်စေခဲ့ပါတယ်။ ကျွန်တော် နေ့တိုင်းသောက်လာခဲ့တာ။ ညသန်းခေါင် အိမ်မှာထိုင်နေတုန်း နောက်ထပ်တစ်ခွက်ထပ်ထည့်ပြီး ရုပ်ရှင်ကြည့်မလို့လုပ်နေတုန်းမှာ နေလို့မကောင်းတော့ဘဲ ကြမ်းပြင်ပေါ်လဲကျပြီး မေ့သွားတဲ့ ညအထိပါပဲ။ ကျွန်တော့် စေ့စပ်ထားသူကောင်မလေးက ကျွန်တော့်ကို ဆေးရုံအမြန်ပို့ခဲ့ပြီး ကျန်းမာရေးအစောင့်အရှောက်တွေအများအပြားပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော် အပ်တွေ ၊IV တွေကြားထဲရောက်ခဲ့တာပါ။ ပထမအပတ်မှာကျွန်တော်ငြိမ်သက်နေခဲ့ပါတယ်။ ကျွန်တော်နိုးလာတော့ဘယ်ရောက်နေမှန်းမသိဘူး။ ကျွန်တော့်ပထွေးနဲ့ အမေကတော့ ကျွန်တော့်နားမှာရပ်နေကြတယ်။ ကျွန်တော်ဘယ်ကိုရောက်နေလဲမသိခဲ့ပါဘူး။ ကျွန်တော်အရမ်းထိပ်လန့်နေခဲ့ပါတယ်။ ကျွန်တော့် အသည်းနဲ့ကျောက်ကပ်တွေ အလုပ်လုပ်တာနှေးကွေးနေပါတယ်။ ဒါကျွန်တော်ကို လုံးဝထိပ်လန့်စေမယ်ဆိုတာ ပြောဖို့တောင်မလိုပါဘူး။ ကျွန်တော်အရက်ထပ်သောက်လို့မရဘူးဆိုတာကို နောက်ဆုံးမှာသိခဲ့ရပါတယ်။ ကျွန်တော်အရက်တစ်ခါထပ်သောက်ရင် ကျွန်တော်သေမယ် လို့ဆရာဝန်ကပြောပါတယ်။ ကျွန်တော်တရားဟောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် အရက်ကိုဆင်ခြင်သောက်ပါ။ ကျွန်တော်အဲဒီ့လိုမလုပ်ခဲ့တဲ့အတွက် ကျွန်တော်အခုဖြစ်နေတာကိုကြည့်ပါဦး (ကျွန်တော်ဒါမျိုးပြောဖြစ်လိမ့်မယ်လို့မတွေးမိခဲ့ဘူး။ ဟားဟား) ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော့်မှာ ဂီတရေးစပ်ဖို့ ခုံမင်မှုနဲ့ဈာန်ဝင်စားမှုတွေရှိသေးတယ်။ ကျွန်တော့်သီချင်းတွေအတွက် စိတ်ကူးအနည်းငယ်ရှိပြီးစားပါ။ မကြာခင်မှာပဲ album တစ်ခုလုပ်ပြီး နယ်လှည့်ဖျော်ဖြေပွဲလုပ်ဖို့ အချိန်ရောက်လာမှာပါ။ နောက်တစ်ချိန်ချိန်မှအားလုံးနဲ့ပြန်တွေ့မယ်။ နောက်ထပ်လဲ post တွေလာမှာမို့လို့အဆက်အသွယ်မပြတ်ရှိနေပေးပါ”

Deryck Whibley လို့ post တစ်ခုမှာရေးခဲ့ပါတယ်။

အောက်မှာတော့  ဆေးရုံပေါ်က Deryck ရဲ့စိတ်ထိခိုက်စရာ ဓာတ်ပုံအချို့ကိုမြင်ရမှာပါ။

 

 

Ref:altpress.com

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.