ခင်ပွန်းဟောင်းဖြစ်သူ Sum 41 အဆိုတော် Deryck Whibley ကို အားပေးစကားပြောကြားခဲ့တဲ့ Avril Lavigne

avril_lavigne_is_so_proud_of_ex-husband.jpg

 

Avril Lavigne တစ်ယောက်ခင်ပွန်းဟောင်းဖြစ်သူကို ဆက်ပြီး စိတ်ဓာတ်ကြံ့ခိုင်ဖို့ အားပေးစကားပြောခဲ့ပါတယ်

Nickelback ရဲ့အဆိုတော် Chad Kroeger နဲ့လက်ထပ်ထားသူ Avril ဟာ Sum 41 ရဲ့အဆိုတော် Deryck Whibley ရဲ့အရက်စွဲရောဂါနဲ့ ဆေးရုံပေါ်မှာရုန်းကန်နေရတဲ့အကြောင်းသိရပြီးတဲ့နောက် Deryck ကို twitter ပေါ်ကနေအသံဖိုင်နဲ့ အားပေးစကားပြောကြားခဲ့ပါတယ်။

တစ်လခန့်ဆေးဝါးကုသမှုခံနေရတဲ့ Sum 41 အဆိုတော်ဟာ “နိမ့်ပါးတဲ့ဘ၀” လို့အမည်တပ်ထားတဲ့ post တစ်ခုမှာ ‘ကျွန်တော်အလွန်နေမကောင်းဖြစ်ရတဲ့အကြောင်းက ကျွန်တော်နှစ်ပေါင်းများစွား အရက်အလွန်အကျွံသောက်သုံးလာခဲ့တာကြောင့်ပါ။ ဒီကိစ္စကျွန်တော့်ကိုထိခိုက်စေခဲ့ပါတယ်။’ လို့ရေးခဲ့ပါတယ်။

‘ကျွန်တော် နေ့တိုင်းသောက်လာခဲ့တာ။ ညသန်းခေါင် အိမ်မှာထိုင်နေတုန်း နောက်ထပ်တစ်ခွက်ထပ်ထည့်ပြီး ရုပ်ရှင်ကြည့်မလို့လုပ်နေတုန်းမှာ နေလို့မကောင်းတော့ဘဲ ကြမ်းပြင်ပေါ်လဲကျပြီး မေ့သွားတဲ့ ညအထိပါပဲ။’ လို့ရေးခဲ့ပါတယ်။

Deryck တစ်ယောက် နိုးထလာတဲ့အချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေအများအပြား အသင့်ရှိနေခဲ့တာကိုမြင်ပြီး ထိတ်လန့်ခဲ့တယ်လို့ဆိုပါတယ်။ 

‘ကျွန်တော်ဘယ်ကိုရောက်နေလဲမသိခဲ့ပါဘူး။ ကျွန်တော်အရမ်းထိပ်လန့်နေခဲ့ပါတယ်။ ကျွန်တော့် အသည်းနဲ့ကျောက်ကပ်တွေ အလုပ်လုပ်တာနှေးကွေးနေပါတယ်။ ဒါကျွန်တော်ကို လုံးဝထိတ်လန့်စေမယ်ဆိုတာ ပြောဖို့တောင်မလိုပါဘူး။ ကျွန်တော်အရက်ထပ်သောက်လို့မရဘူးဆိုတာကို နောက်ဆုံးမှာသိခဲ့ရပါတယ်။ ကျွန်တော်အရက်တစ်ခါထပ်သောက်ရင် ကျွန်တော်သေမယ် လို့ဆရာဝန်ကပြောပါတယ်’ လို့ပြောသွားပါတယ်။

ကနေဒီယန် အဆိုတော်ဟာ Avril နဲ့ လေးနှစ်တာ အိမ်ထောင်ရေးကို ၂၀၁၀ ခုနှစ်ကအဆုံးသတ်ခဲ့တာဖြစ်ပေမယ့်။ Avril ကသူ့ကိုအားပေးနေဆဲဖြစ်ပါတယ်။

သူ့ရဲ့ post ကိုဖတ်ပြီးနောက်မှာ ၂၉ နှစ်အရွယ် pop punk အဆိုတော်မလေးက “ကျွန်မသူ့အတွက်ဂုဏ်ယူပါတယ်။ သူကကျွန်မအတွက် မိသားစုဖြစ်ပြီး နောင်လဲအမြဲတမ်းမိသားစုပါပဲ။ ဆက်ပြီးကြံ့ခိုင်စမ်းပါ Deryck ရယ်’ လို့ tweet လုပ်ခဲ့ပါတယ်။

Ref:starpulse.com

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.