ကျား ဆရာ ကြောင်

url.jpg

ကျားနဲ့ကြောင် တည့်မတည့် ငါတို့လည်း မသိပါဘူး

ကျားဟာ သူ့ထက်ဆိုဒ်သေးရင်တော့ ကြည့်မရလောက်ဘူး

အဲဒါနဲ့ပဲ ခြင်္သေ့ကိုမြင်ရင် လုပ်ချင်တိုင်းလုပ်မိမှာစိုးလို့ ကျားကစရှောင်တယ်

ငါတို့ဟာ ကြောင်ကိုရေချိုးပေးတဲ့နေ့မှာပဲ ကျားကိုမဲနယ်ဆိုးရပါတယ်

သူ့အစင်းတွေကို ဖျက်မရတော့လည်း ပိုက်ဆံအိတ်တွေဘာတွေ လုပ်ပစ်ရတာပေါ့

ဒါကြောင့် ကျားဟာ သူ့ကို ကြောင်လို့ထင်သွားကြမှာကို ကြောက်ရှာတယ်

ဒီစိတ်နဲ့ပဲ တဝေါင်းဝေါင်း ဟိန်းသေရတာပါပဲ

သံတိုင်နောက်ကကျားမြင်အောင် သံတိုင်ရှေ့မှာကြောင်နဲ့ ဘာလို့ လမ်းမသလားမိပါလိမ့်

မီးကွင်းခုန်နေတဲ့ကျားကို ဘာလို့ ကြောင်ကို မကြည့်ခိုင်းမိပါလိမ့်

ကြောင်မစင်စွန့်နေတုန်း ဘွားကနဲ ကျားပေါ်လာရင် သူတို့အချင်းချင်း မှတ်မိကြမှာမဟုတ်ဘူး

ကျားဟာ ငစဉ်းလဲဆိုတဲ့ သူ့နာမည်ကြီးကို မကြိုက်တဲ့အတွက် ကြောင်နဲ့တွေ့ရင် ရွှေဝါနာမည် ဘယ်လိုရခဲ့သလဲ သူမေးမယ်

ကြောင်နဲ့မတွေ့ဘဲ ငါတို့နဲ့တွေ့တော့ သူ့ကို ဟင်းမျိုးကြီးလို့ ပြောလွှတ်ကြပြန်ရော

ကျားဟာ ဘဝအဖော်ရှာတဲ့အခါ တစ်တောလုံးညံအောင်

ပတ်ဟိန်းနေမလားကြောင်ဟာ အော်ကြီးဟစ်ကျယ် ကြောင်ပျိုလှည့်ရင်းစဉ်းစား

ကျားဟာ ချောင်းမှာရေသောက်နေတုန်း ရေမျက်နှာပြင်ပေါ် ကြောင်အကြီးစားကို မြင်တဲ့အခါ

သေနတ်ဒဏ်ရာနဲ့ တောနက်ထဲ ကမူးရှူးထိုးပြေးဝင်သွား

အဲ့ဒီနောက် ကြောင်ကိုရှာမှဖြစ်မယ်ဆိုပြီး တစ်ရွာလုံးကို ကိုက်စားအပြီး ကျားကို ကြောင်အကြီးစားလို့

ဘယ်သူမှ မ … ပြော … ဝံ့ … တော့။ ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.