အိပ်ယာနိုးထတဲ့အချိန် ကိုယ့်ဆံပင်ပုံစံဟာ ကိုယ့်စိတ်ကြိုက် လှပနေစေဖို့

nighttime-hair-tricks-intro.jpg

မနက်ခင်း အိပ်ယာကနိုးထတဲ့အချိန်မှာ ကိုယ့်ဆံနွယ်လေးတွေဟာ လှပနေမယ်၊ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ကွက်တိဖြစ်နေမယ်ဆိုရင် ပျိုမေတို့အတွက် ဒါပျော်စရာပေါ့။ ဒါပေမယ့် ဒီလိုမျိုးဖြစ်ဖို့အတွက်တော့ ကိုယ့်ဘက်က ပြင်ဆင်ထားရ တာမျိုးတွေ ရှိရပါမယ်။ မအိပ်ခင် ကိုယ့်ဘက်ကဘာတွေလုပ်ထားနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ပုံနဲ့တကွ ပြောပြပေးချင်ပါတယ်။

၁။မနက်ခင်းနိုးလာတဲ့အချိန် ဒီလိုဆံပင်ပုံစံမျိုးလိုချင်တယ်ဆိုရင်တော့

ညကတည်းက ခေါင်းလျှော်ပြီး မစိုမခြောက်လေးမှာ ခုလို ကျစ်ဆံမြီး ကျစ်ထားလိုက်ရမှာပါ။ ဒါဆို မနက်နိုးတဲ့အခါ ကိုယ်လိုချင်တဲ့ ဆံပင်ပုံစံမျိုးရပြီပေါ့။

 

၂။ပုံမှာပြထားသလိုမျိုး ဆံပင်အဖျားလေးကိုပဲ နွယ်ပုံစံလေး လိုချင်တယ်ဆိုပါစို့။

ဒါဆိုရင်တော့ ညဘက်ကို ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေးပါ ထည့်ပြီး သုံးပေးပါ။ ပြီးတာနဲ့ ဆံပင်ကို ခြောက်အောင်သုတ်ပြီး ဆံပင်အားလုံးကို အပိုင်းလေးပိုင်း ခွဲလိုက်ပါ။ တစ်ပိုင်းချင်းစီရဲ့ အောက်အနားလေးတွေကို ဆီတစ်ခုခု လိမ်းပေးရင်း အခွေလေးတွေဖြစ်အောင် လိမ်ပေးပါ။ အဲ့ဒီနောက် ဆံပင်သားလေးတွေ ခြောက်သွားပြီဆို၇င်တော့ မနက်နိုးတဲ့အခါ ခုလိုပုံစံရပြီပေါ့။

 

၃။ပုံမှာပြထားသလို ဆံပင်တွေကို နဖူးပေါ်ကျမနေအောင် ၀ဲဝဲလေးဖြစ်နေချင်ရင်တော့

ညအိပ်တဲ့အခါ ဆံပင်တွေအားလုံးကို ခုလို scarf လေးနဲ့ ပင့်တင်စည်းပြီးမှ အိပ်လိုက်ပေါ့။

 

Ref:womenshealthmag.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.