အာဆင်နယ်က ဘန်ဇီမာကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကြောင့် လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်ကို ရီးယဲလ်မက်ဒရစ် ပစ်မှတ်ထား

liverpool-v-newcastle-united-premier-league.jpg

စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုနွေရာသီမှာ ဆွာရက်ဇ်ကို စာချုပ်ချုပ်ဆိုဖို့ အပြည့်အ၀ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့ အတွက် ငွေပြန်ကာမိအောင်လို့ ဘန်ဇီမာကို ရောင်းထုတ်သွားဖို့ လည်း ပြင်ဆင်နေပါတယ်။

ရီးယဲလ်မက်ဒရစ်ဟာ ဆွာရက်ဇ်ကို လီဗာပူးလ်ဆီက ပေါင်သန်း ၇၀ နဲ့ ခေါ်ယူဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

FA ဖလား ဗိုလ်လုပွဲစဉ် ပြီးဆုံးရင် ဘန်ဇီမာကို ခေါ်ယူဖို့ အာဆင်နယ်က ဆွေးနွေးသွားမှာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ပြီးဆုံးရင် ဒီအပြောင်းအရွှေ့ အပြီးသတ်နိုင်မယ်လို့ မျှော်မှန်းထား ကြပါတယ်။

ဘန်ဇီမာကို ခေါ်ယူဖို့ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးဟာ အချိန်အတော်ကြာ စိတ်ဝင်စားကြိုးပမ်းခဲ့ဖူးပြီး ဒီနွေရာသီအပြောင်းအရွှေ့ မှာတော့ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးကို ခေါ်ယူနိုင်လိမ့်မယ်လို့  ခန့်  မှန်းထားပါတယ်။

ရီးယဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရင်တီနီုပီရက်ဇ်က မန်စီးတီးတိုက်စစ်မှူး ဆာဂျီရိုအဂူရို ကို ၀ယ်ယူဖို့ စိတ်အား ထက်သန်နေပေမယ့် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကတော့ ဆွာရက်ဇ်ကို ၀ယ်ယူချင်နေတာ ဖြစ်ပါတယ်။

Ref: Mirror.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.