Lil Boosie, B.o.B နဲ့ Kid Ink တို့ပါဝင်ထားတဲ့ T-Painရဲ့ ‘Up Down’ remix

tpain.jpg

Future, Rich Homie Quan နဲ့ Young Thug တို့ဟာ လက်ရှိ Auto-Tune ရာထူးကို ကိုင်ဆောင်ထားကြတုန်း၊ ယခင် Auto-Tune ဘုရင် T-Painဟာ သူ့ရဲ့ ပလ္လင်ကို ပြန်သိမ်းယူဖို့ အသင့်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က B.o.B ပါဝင်သီဆိုပေးထားတဲ့ မူရင်းဗားရှင်း ထွက်ခဲ့ပြီးတော့ မကြာသေးမီကမှ လွတ်လာတဲ့ Lil Boosie နဲ့ L.A. မှာပေါက်တဲ့ Kid Ink တို့ကို ပေါင်းထည့်ထားတဲ့ ‘Up Down’ singleကို remix လုပ်ပြီး T-Pain ပြန်လာပါပြီ။

T-Pain ဟာ ‘Stociville: The Phoenix’ ခေါင်းစဉ်နဲ့ နှစ်ကုန်ပိုင်းလောက်မှာ အယ်လ်ဘမ်သစ်အတွက် ပြင်ဆင်နေတဲ့အတွက် ဒီဗားရှင်းသစ်ဟာ remixသစ် သုံးပုဒ်ရဲ့ ပထမပုဒ်ဖြစ်တယ်လို့ ပြောပါတယ်။ DJ Montay beat တွေပေါ်မှာ အဆိုတော် ၄ယောက်ရဲ့ verseတွေနဲ့ တင်ဆက်ထားတာပါ။

Ref:theboombox.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.