အများဆုံးလှုတဲ့ အလှုရှင်နဲ့ date လုပ်ခဲ့ပြီး gay ရံပုံငွေပွဲအတွက် ဒေါ်လာ ၁၂၀၀၀ ရှာပေးခဲ့တဲ့ Rumer Willis (မင်းသား Bruce Willis ရဲ့သမီး)

rumer_willis_raises_12000_with_charity_date_offer.jpg

 

Bruce Willis ရဲ့သမီး သရုပ်ဆောင် Rumer Willis ဟာ gay နဲ့ lesbian (လိင်တူချစ်ကြိုက်သူ) တွေအတွက်ကျင်းပတဲ့ အလှုငွေပွဲတစ်ခုအတွက် အလှုငွေအများဆုံးထည့်ဝင်တဲ့သူနဲ့ date လုပ်ပြီး အလှုငွေ ဒေါ်လာ ၁၂၀၀၀ ရှာဖွေပေးခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Rumer ဟာ လော့စ်အိန်ဂျလိစ်မြို့က Gay နဲ့ Lesbian စင်တာရဲ့ ၂၀၁၄ ခုနှစ် An Evening with Women fundraiser မှာ ထင်မှတ်မထားတဲ့ ကမ်းလှမ်းမှုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ မကြာသေးခင်ကနေကမှ အမျိုးသမီးချင်းလက်ထပ်ထားတဲ့ rocker မ Linda Perry ကအစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာကျင်းပတဲ့အဲဒီ့ရံပုံငွေ ပွဲမှာ အမေရိကန်ဒေါ်လာပေါင်း ၆၀၀၀၀၀ ရရှိခဲ့ပြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Milla Jovovich နဲ့ Evan Rachel Wood တို့ရဲ့ဖျော်ဖြေမှုတွေနဲ့တင်ဆက်ခဲ့ပါတယ်။

Linda Perry တစ်ယောက်လဲ ဒီပွဲအတွက် ကွဲကွာနေတဲ့ အဖွဲ့ဟောင်း 4 Non Blondes နဲ့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။

Ref:starpulse.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.