ပျိုမေတို့နှစ်ခြိုက်မယ့် မိုးတွင်းစီး ဖိနပ်များ

img_6115.jpg

မကြာခင်ရောက်ရှိလာတော့မယ့် မိုးတွင်းကာလအတွက် ဘာတွေပြင်ဆင်ထားပြီးကြပြီလဲ။ ဖိနပ်တွေ၊ ထီးတွေ၊ မိုးကာအင်္ကျံစတဲ့ မိုးတွင်းအသုံးအဆောင်တွေဟာ အားလုံးအတွက် မရှိမဖြစ်ကို လိုအပ်တာမို့ မိုးတွင်းကာလအတွင်း ပျိုမေတွေနှစ်ခြိုက်မယ့် ဖိနပ်ဒီဇိုင်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ မိုးတွင်းစီးဖိနပ်တွေထဲမှာမှ လူစီးများပြီး အထာကျတဲ့ ဖိနပ်ဒီဇိုင်းလေးတွေ ရှိပါတယ်။ ရွေးချယ်ရနည်းပါးလှတဲ့ ဒီဇိုင်းတွေထဲကမှ ရာသီဥတုနဲ့ရော၊ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ပါ အဆင်ပြေနိုင်မယ့် ဖိနပ်ဒီဇိုင်းလေးတွေပေါ့။

၁။ မိုးတွင်းအတွက် အသင့်တော်ဆုံး ရာဘာ ဖော့ဖိနပ်လေးတွေပါ။ ပေါ့ပါးတဲ့အပြင် အရာင်စုံလည်း ရနိုင်တာမို့ ပျိုမေတွေစိတ်ကြိုက်ပေါ့။

၂။ မိုးတွင်းစီး ကော်ကြိုးသိုင်းဖိနပ်လေးတွေကလည်း ပျိုမေတွေ နှစ်ခြိုက်မယ့် ဒီဇိုင်းမျိုးလေးတွေပါပဲ။

၃။မိုးတွင်းစီးဆိုပေမယ့် ရှုးဖိနပ်လို ဒီဇိုင်းမျိုးတွေ ၀တ်ချင်သူတွေအတွလည်း ဒီလိုဒီဇိုင်းမျိုးလေးတွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါပြီနော်။

၎။ဖိနပ်ထဲ ရေတွေဝင်မနေအောင် လေ၀င်လေထွက်လည်းရှိတဲ့ ကော်ဖိနပ်လေးတွေကိုလည်း မိုးတွင်းမှာ ရှာစီးနိုငတာပဲ။

၅။ရောင်စုံသားရေဖိနပ်လေးတွေကလည်း မိုးရာသီထသွားထလာအတွက် သင့်တော်တာပါပဲ။

၆။အထာကျကျ  ဖက်ရှင်လည်းကျအောင် boot တွေကိုမှ စီးချင်သူတွေအတွက်လည်း မိုးတွင်းစီး Boot လေးတွေ ပေါ်နေပြီနော်။

၇။အမြင့်တွေပဲ စီးချင်တဲ့ ပျိုမေတွေအတွက်လည်း မိုးတွင်းစီး heel လေးတွေ ဈေးကွက်ထဲမှာ ရှိနေပါပြီ။

 

Google image များကို သုံးထားပါသည်။

 

 

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.