Michael Jackson သေဆုံးပြီးနောက်ပိုင်းပထမဆုံးထုတ်တဲ့ album တစ်ခုဖြစ်တဲ့ Xscape ကို အင်္ဂါနေ့ကထုတ်ခဲ့ပါတယ်။ အဲဒီ့အခွေနဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲ SiriusXM satellite ရေဒီယိုက The Michael Jackson Channel ရေဒီယိုလိုင်းကိုစတင်ထုတ်လွှင့်ခဲ့ပါတယ်။
Xscape မှာ သူ့ရဲ့အခြား studio album တွေမှာမပါဝင်ခဲ့ဖူးသေးတဲ့ သီချင်းတွေပါဝင်ပြီး အဲဒီ့သီချင်းတွေအားလုံးဟာ ပထမဆုံးအနေနဲ့ remastered လုပ်ပြီး ထုတ်လိုက်တဲ့သီချင်းတွေဖြစ်ပါတယ်။ အထူးထုတ် The Deluxe Edition မှာတော့ သီချင်းတွေရဲ့မူရင်း version တွေအပြင် Justin Timberlake နဲ့ အတူ duet အဖြစ်ပြန်လုပ်ထားတဲ့ single သီချင်းတစ်ပုဒ်ပါဝင်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ ပေါ့ပ်ဂီတဘုရင်ရဲ့အစ်ကိုဖြစ်သူ Jermaine ကတော့ ဒီ Michael ရဲ့ဖန်တီးမှုတွေပြန်ထုတ်တဲ့ အစီအစဉ်နဲ့ပါတ်သတ်ပြီးသိပ် ကျေနပ်မှုမရှိကြောင်း ဒီထုတ်လုပ်မှုဟာ Timbaland နဲ့ Timberlake တို့ရဲ့စိတ်ကြိုက်ဖြစ်မယ့်အစား Jackson ညီနောင်တွေဖွဲ့ထားတဲ့အဖွဲ့ဖြစ်တဲ့ Jackson 5 အဖွဲ့နဲ့ဖြစ်သင့်ကြောင်းပြောပါတယ်။
Xscape album standard version မှာပါဝင်တဲ့သီချင်းတွေကတော့
1. Love Never Felt So Good
2. Chicago
3. Loving You
4. A Place With No Name
5. Slave to the Rhythm
6. Do You Know Where Your Children Are
7. Blue Gangsta
8. Xscape တို့ဖြစ်ပါတယ်။
Ref:starpulse.com, Wikipedia.org