စနေနေ့ည(၁၀း၃၀)တွင် ကစားမည့် နူးကမ့်ကွင်းမှ အိမ်ရှင်ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့၏ အဲလ်ကလက်ဆီကိုဒါဘီပွဲစဉ်အား ကမ္ဘာ့ဘောလုံးပရိသတ်သန်းပေါင်းများစွာက စိတ်ဝင်တစားရှိနေ ကြသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းသား ဆာဂျီယိုရာမို့စ်ကမူ အသင်းဖော်များအား ဖိအားအ လွန်ဝင်နေကြဘဲ ပေါ့ပေါ့တန်တန်သဘောထားရန် တိုက်တွန်းပြောကြားလာခဲ့သည်။ ယခုပွဲစဉ်မှာ လာလီဂါပွဲစဉ်(၁၀)ဖြစ်ပြီး ဇယားထိပ်ဆုံးမှ (၂၅)မှတ်ဖြင့် ဦးဆောင်နေသော ဘာစီလိုနာအား တတိယနေရာတွင် (၂၂)မှတ်ဖြင့် ရပ်တည်နေသောရီးရဲလ်မက်ဒရစ်က အမှတ်ကွာဟချက်လျော့ချ နိုင်ရန် အကောင်းဆုံးအခွင့်အရေးပင်ဖြစ်သည်။ “နူးကမ့်ကွင်းမှာ အနိုင်ကစားရမယ်ဆိုပြီး ဖိအားတွေဝင်နေတာ မျိုးတော့ မဖြစ်စေချင်ပါဘူး။ ဘောလုံးရာသီက အရှည်ကြီးကျန်ပါသေးတယ်။ ရီးရဲလ်က တစ်ဖြည်းဖြည်းနဲ့ ကောင်းမွန်လာနေပါပြီ။ တစ်ပွဲချင်းစီ အဆင့်ဆင့်ပေါ့။ အမှတ်ကွာဟချက်ကလည်း သိပ်အများကြီးမဟုတ် တော့ ဒီပွဲမနိုင်လို့ဘာမှ ဖြစ်မသွားနိုင်ပါဘူး။´´ဟု ရာမို့စ်က ပြောခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းမှ အဓိကနောက်ခံလူတစ်ဦးဖြစ်သော ဂျာရတ်ပီကေးမှာ အေစီမီလန်နှင့် တစ်ဂိုးစီသရေကျခဲ့သည့် ချန်ပီ ယံလိဂ်အုပ်စုပွဲစဉ်တွင် ပေါင်ဒဏ်ရာရခဲ့သဖြင့် ရီးရဲလ်နှင့် ပွဲကိုလွဲချော်ဖွယ်ရှိနေသည်။ ဘာစီလိုနာအသင်း၏အခြား ခံစစ်မှူးကားလက်စ်ပူယိုးလ်မှာမူ (၇)လကြာအနားယူနေခဲ့ရခြင်းမှလွန် မြောက်လာခဲ့ကာ အိုဆာဆူနာနှင့် သရေကျခဲ့သည့်ပွဲတွင် ပါဝင်ကစားနိုင်ခဲ့သောကြောင့် ရီးရဲလ်မက်ဒ ရစ်နှင့်ပွဲ ကို ၀င်ရောက်ကစားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။