ဒါရက်ချီဆိုရာနှင့် မော့ဒက်နိုတို့၏ ဥရောပဟဲဗီးဝိတ်ချန်ပီယံရှစ်ပွဲ နိုဝင်ဘာ(၃၀)တွင် ထိုးမည်

news_c.jpg

လက်ရှိ ဥရောပဟဲဗီးဝိတ်ချန်ပီယံဖြစ်သူ ဗြိတိန်လက်ဝှေ့သမား ဒါရက်ချီဆိုရာနှင့် စိန်ခေါ်သူ အီတလီနိုင်ငံသား  မာတီယိုမော့ဒက်နိုတို့၏ ပွဲစဉ်ကို လာမည့်နိုဝင်ဘာ(၃၀)ရက်နေ့တွင် လန်ဒန်မြို့ရှိ Copper Box Arena  အ တွင်း ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိချန်ပီယံ ချီဆိုရာမှာ ၂၀၁၂ခုနှစ်၊ ဇူလိုင်လက ဒေးဗစ် ဟေး၏ အလဲထိုးမှုကိုခံခဲ့ရပြီးနောက်ပိုင်း ထိုးသတ်ခဲ့သော (၃)ပွဲဆက်တိုက်အနိုင်ရရှိထားသူဖြစ်ကာ (၁ဂ)ပွဲနိုင်၊ (၄)ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ချီဆိုရာအား စိန်ခေါ်သူ အီတလီနိုင်ငံသား မော့ဒက်နိုမှာ ထိုးသတ်ခဲ့ သည့်ပွဲတိုင်းကို အနိုင်ရရှိထားခဲ့သူဖြစ်ပြီး (၁၄)ပွဲအနိုင်ရရှိထားကာ အသက်အားဖြင့်လည်း (၂၉)နှစ်ရှိနေသူ ချီ ဆိုရာထက် (၃)နှစ်ငယ်သူဖြစ်သည်။ သို့သော်လည်း ချန်ပီယံချီဆိုရာကမူ ယုံကြည်မှုအပြည့်ရှိနေပြီး စိန်ခေါ်သူ အီတလီနိုင်ငံသားအား အလဲထိုးနိုင်မည်ဟု ကြုံးဝါးထားသည်။

“ မော့ဒက်နိုက ကျွန်တော့ကို အကြာကြီးခံထိုးနိုင်ဖို့မရှိပါဘူး။ စောစောစီးစီးအလဲထိုးခံရမှာပါ။ သူက ငယ်ရွယ်တယ်။ အောင်မြင်မှု ဆာလောင်နေတယ်။ နောက်ပြီး ရှုံးပွဲလည်းမရှိသေးဘူးဆိုတော့ ဒီကို လာပြီး ကျွန်တော့ကိုဖြိုမယ်ပေါ့ဗျာ။ ဒါပေမယ့် အဲဒီဟာက ဖြစ်လာမှာမဟုတ်ပါဘူး။ သူ့ကိုကျိုးကြေသွားတဲ့ ပုံစံနဲ့ အီတလီကိုပြန်ပို့ပေးမှာပါ။ ဒီနှစ်က ကျွန်တော့နှစ်ပါ။ ကမ္ဘာ့ချန်ပီယံအဖြစ် တက်လှမ်းဖို့စီစဉ်နေတာတွေကို  သူဘယ်နည်းနဲ့မှ ဖျက်ဆီးနိုင်မှာမဟုတ်ပါဘူး”ဟု ဒါရက်ချီဆိုရာက ပြောခဲ့သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.