ယနေ့နိုင်ငံတကာဘောလုံးပြိုင်ပွဲများအား အရိပ်မည်းကြီးအဖြစ် ဖုံးအုပ်လျက်ရှိသော လုပ်ပွဲကစားခြင်းများအား ပိုမိုတိကျလျှင်မြန်စွာအပြစ်ပေးနိုင်ရေးအတွက် ယခင်က လျော့တိလျော့ရဲဥပဒေများကို ပြင်ဆင်ကာ ရာဇ၀တ် မှုမြောက်သော ပြစ်မှုအဖြစ် ပြင်ဆင်သတ်မှတ်ရန် ဥရောပပါလီမန်အစည်းအဝေးတွင် အဆိုပြုတင်သွင်းလာခဲ့ ခြင်းအပေါ် ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဌ မစ်ချယ်ပလာတီနီက ကြိုဆိုပါကြောင်း ပြောကြားလိုက်သည်။ဗြိ တိန်အပါအ၀င် ဥရောပနိုင်ငံအတော်များများတွင် လုပ်ပွဲကစားခြင်းအား ရာဇ၀တ်မှုအဖြစ်သတ်မှတ်ထားခြင်းမ ရှိဘဲ လောင်းကစားဒိုင်များအား လိမ်ညာလှည့်ဖျားရန် ပူးပေါင်းကြံစည်ခြင်း (Conspiracy)အဖြစ်သာ သတ်မှတ် ထားသဖြင့် တရားစီရင်ရေးလမ်းကြောင်းတွင် နှောင့်နှေးခြင်း၊ ထိထိရောက်အရေးမယူနိုင်ခြင်းများဖြစ်လျက်ရှိနေ ခဲ့သည်။ ဥပမာ လုပ်ပွဲကစားခြင်းကို ရာဇ၀တ်မှုမြောက်သည်ဟု သတ်မှတ်ထားသော ပါကစ္စတန်နိုင်ငံတွင်ဆို လျှင် ၂၀၁၁ခုနှစ်အတွင်း နာမည်ကြီးခဲ့သည့် ခရစ်ကတ်လုပ်ပွဲအရှုပ်တော်ပုံမှ အဓိက ခရစ်ကတ်ကစားသမား (၃)ဦးကို ထောင်ဒဏ်များအသီးသီးချမှတ်နိုင်ခဲ့ခြင်းမျိုး အင်္ဂလန်၊ စပိန်၊ ပြင်သစ်၊ အီတလီနှင့် ပေါ်တူဂီနိုင်ငံများ တွင် ပြုလုပ်နိုင်စွမ်းမရှိချေ။
“ လုပ်ပွဲကစားခြင်းကို စဉ်ဆက်မပြတ်တိုက်ခိုက်လျက်ရှိတဲ့ကျွန်တော်တို့ ဘောလုံးလောကအတွက် သက်ဆိုင် ရာအစိုးရဘက်ကနေ ထောက်ပံ့မှုကို အရမ်းလိုအပ်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဥရောပပါလီမန်ကနေ လုပ်ပွဲကစားခြင်းကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်ဖို့ စတင်လိုက်တဲ့အပေါ် ချီးကျူးနေရတာပါ။ မှန်ကန်တဲ့လမ်း ကြောင်းနဲ့သွားနေကြတဲ့အတွက် ဒီကြိုးပမ်းမှုဟာ ဘယ်အတိုင်းအတာအထိ ပေါက်ရောက်နိုင်မလဲဆိုတာကို ကျွန်တော်တို့စိတ်ဝင်တစားစောင့်ကြည့်နေမှာဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း လုပ်ပွဲက စားခြင်းများကို လုံးဝမျက်နှာသာမပေးဘဲ တိုက်ဖျက်သွားမှာဖြစ်ပါတယ်”ဟု ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဥက္ကဌမီချယ်ပလာတီနီက ပြောသွားခဲ့သည်။