ယမန်နှစ် Tyne-Wear Derby ပွဲအပြီး ရဲမြင်းကို ထိုးခဲ့သည့်ပရိသတ် ထောင်(၁)နှစ်ကျသွား

news_a.jpg

ပြီးခဲ့သော ၂၀၁၂-၂၀၁၃ ပရီးမီးယားလိဂ်ဘောလုံးရာသီ၏ ပွဲစဉ်(၃၃)အဖြစ် အိမ်ရှင် နယူးကာဆယ်နှင့် ဆန်းဒါးလန်းအသင်းတို့ ဒေသတွင်းဒါဘီပွဲကစားခဲ့ကြစဉ်က ပြသနာရှာခဲ့သော နယူးကာဆယ်ပရိသတ် တစ်ဦးမှာ ထောင်(၁)နှစ်ကျသွားခဲ့ပြီဖြစ်သည်။ ၂၀၁၃ခုနှစ်၊ ဧပြီ(၁၄)ရက်နေ့က ကစားခဲ့သည့် Tyne-Wear Derby ပွဲတွင် အိမ်ရှင်နယူးကာဆယ်က (၃)ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းအား မကျေနပ်ဘဲ ပေါက်ကွဲခဲ့သူ နယူးကာ ဆယ်ပရိသတ် ဘယ်ရီရော်ဂျာဆန်(၄၅)နှစ်မှာ  ပွဲအပြီး ကွင်းအပြင်ဘက်ရှိ လုံခြုံရေးရဲစီးနင်းထားသော မြင်းကိုထိုးခဲ့ခြင်းဖြစ်သည်။ ဘယ်ရီရော်ဂျာဆန်အား နယူးကာဆယ်တရားရုံးမှ ၀တ္တရားနှောက်ယှက်မှု၊ တာဝန် ကျရဲအရာရှိအား ထိခိုက်ဒဏ်ရာရစေသောအပြုအမူပြုလုပ်ခဲ့မှုဖြင့် ထောင်(၁)နှစ်ကျခံစေရန် အမိန့်ချမှတ်ခခဲ့သ လို အင်္ဂလန်နိုင်ငံအတွင်း ကျင်းပသည့် မည်သည့်ဘောလုံးပွဲကိုမဆို (၆)နှစ်ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်လိုက် ပြီဖြစ်သည်။

       တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၉)တွင်လည်း ဆန်းဒါးလန်းနှင့် နယူးကာဆယ် တို့၏ Tyne-Wear Derby ပွဲရှိနေသည်ကို တွေ့ရသည်။ ယခုပွဲမှာမူ ဆန်းဒါးလန်း၏ အလင်းရောင်ကွင်းကြီးအ တွင်းကစားရမည်ဖြစ်ရာ နယူးကာဆယ်အနေဖြင့် ယမန်နှစ် အိမ်ကွင်းရှုံးပွဲအား လက်စားချေခွင့်ဟုလည်း ဆိုနိုင် ပေသည်။ လက်ရှိခြေစွမ်းများအရ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်လည်း အဆင့်(၁၀)နေရာတွင် ရှိနေသော နယူး ကာဆယ်မှာ ဇယားအောက်ခြေအဆင့်(၂၀)မှ  နိုင်ပွဲပင်မရှိသေးသော ဆန်းဒါးလန်းအား အနိုင်ကစားနိုင်ဖွယ်ရှိ နေသည်။ အဆိုပါပွဲအား တနင်္ဂနွေည (၈)နာရီတွင် ကစားမည်ဖြစ်သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.