ဟစ်ဟော့ပ်ရှေ့ဆောင် ၀ါရင့်ရပ်ပ်ပါကြီး KRS-Oneဟာ ဟစ်ပ်ဟော့ပ်ယဉ်ကျေးမှုကို အဆင့်မြင့်စေခဲ့သလိုပါပဲ။
ဟစ်ပ်ဟော့ပ် စတင်ထွန်းကားရာ၊ နယူးယောက်မြို့ Bronxအရပ်က အထက်တန်းကျောင်းဆရာ ဒေါက်တာခရစ် အမ်ဒင်းန်ဟာ ဟစ်ဟော့ပ်ယဉ်ကျေးမှုကြီးတစ်ရပ်ဖြစ်တဲ့ Rapကိုသုံးပြီး သိပ္ပံဘာသာရပ်ကိုသင်ကြားနေပါတယ်။ ဒီလိုနည်းနဲ့ သင်လိုက်တဲ့အတွက် ကျောင်းသားကျောင်းသူတွေဟာ သိပ္ပံဘာသာရပ်မှာ ပိုတော်လာကြတာကိုတွေ့ရပါတယ်။
ဒေါက်တာ အမ်ဒင်းန်ဟာ သိပ္ပံဆိုင်ရာ သင်ကြားသင်ယူမှုနဲ့ ဆက်စပ်မှု အာရုံစိုက်လာစေရေး ပရိုဂရမ် (Science Genius B.A.T.T.L.E.S) ကိုဖန်တီးခဲ့သူဖြစ်ပါတယ်။ ဒီပရိုဂရမ်ရဲ့ ရည်ရွယ်ရင်းကတော့ ဟစ်ဟော့ပ်ကို အခြေခံပြီး သိပ္ပံဘာသာရပ်ကို လွယ်ကူစွာသင်ယူလေ့လာနိုင်ဖို့ပါ။
ကျောင်းသားကျောင်းသူတွေကို သုတေသနလုပ်ဖို့ တာဝန်တွေပေးတယ်၊ ပြီးတော့ အလင်းနဲ့အစာချက်ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ရပ်ပ်ပိုဒ်တွေရေးခိုင်းတယ်။ စိတ်ရှည်ရှည်နဲ့ သင်လိုက်ပြီးတဲ့အဆုံးမှာတော့ ကျောင်းသားကျောင်းသူတွေဟာ “အစိမ်းရောင်အပင်တွေ နေအလင်းနဲ့အတူ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေတို့ကိုပေါင်းပြီး အစာချက်တဲ့အကြောင်း” (Grade-9)စာကို ၃၊၄ဘားလောက်စပ်ဆိုလာနိုင်ပါတယ်။ ရှက်တတ်တဲ့ကျောင်းသားတွေ ကာရံစပ်ထွက်လာဖို့အတွက် ဒီဂျေ စပေ့ခရပ်ဖ် ကကူညီပေးခဲ့ပါသေးတယ်။
အဆုံးမှာတော့ ကျောင်းသားကျောင်းသူတွေဟာ သိပ္ပံပညာသင်ယူလေ့လာဖို့အတွက် ဟစ်ဟော့ပ်ကို လက်နက်တစ်ခုအနေနဲ့အသုံးပြုနိုင်ခဲ့ကြပါတယ်။
(Ref:theboombox)