Gwyneth Paltrow ပေါ်ရည်ရွယ်ချက်ရှိရှိအဆက်ဖြတ်ခဲ့တဲ့ အကြောင်းဖွင့်ဟပြောဆိုတဲ့ Chris Martin

chris_martin_breaks_silence_on_conscious_uncoupling_from_gwyneth_paltrow.jpg

 

Chris Martin က သူ့ရဲ့အိမ်ထောင်ရေးဟာ ပျက်ယွင်းမှုတစ်ခုအနေနဲ့ ဖြစ်ခဲ့တာမဟုတ်ဘဲ အမှန်ကိုသိရှိ နားလည်လာမှု ကြောင့်သာဖြစ်ကြောင်း ပြောပါတယ်။

Coldplay အဆိုတော်ဟာ ဇနီးဟောင်း Gwyneth Paltrow နဲ့ ရည်ရွယ်ချက်ရှိရှိအဆက်ဖြတ်ခဲ့တဲ့အကြောင်းကို ပထမဆုံးအနေနဲ့ BBC ရဲ့ Radio 1 အင်တာဗျူးမှာစတင်ပြောကြားပါတယ်။

‘ယို့ယွင်းပျက်စီးတယ်ဆိုတဲ့ စကားလုံးကိုမသုံးပါဘူး။ ဒါဟာ အရွယ်ရောက်လာတာနဲ့ပါတ်သတ်တဲ့ အမှန်ကိုသိရှိနားလည်ခြင်းတစ်ခုဖြစ်ပါတယ်’ လို့  အင်တာဗျူးမှာပြောပါတယ်။

‘ခင်ဗျားကိုယ့်ကိုကိုယ် ရိုးသားပွင့်လင်းမှုမရှိနိုင်ရင် အတွင်းစိတ်ထဲက ကြီးကျယ်ခမ်းနားမှုကို နားလည်တန်ဖိုးထားနိုင်မှာမဟုတ်ပါဘူး’

‘ခင်ဗျားကောင်းမွန်တဲ့သူတစ်ယောက်နဲ့ အတူရှိနေနိုင်တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ပြသနာတွေကြောင့် ဒီအရာကို မှန်မှန်ကန်ကန် ပျော်ရွှင်ခံစားလို့မရဘူး’ လို့ Chris Martin ကပြောပါတယ်။

Ref:starpulse.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.