ပရိသတ်တွေ သဘောကျနှစ်ခြိုက်အားပေးခဲ့ကြတဲ့ အရင်ပါပဲ အရင်တိုင်းပဲ၊ ဘာမှမလိုဘူးတို့သီချင်းတွေရဲ့ ပိုင်ရှင် အဆိုတော်ပိုပိုနဲ့တွေ့ဆုံခိုက်မှာ ပြောဖြစ်ခဲ့တာတွေကတော့ ‘ ခု ပို နယ်ရှိုးတွေဆိုဖြစ်နေတယ်။ ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ စီးပွားရေးပွဲလေးတွေ လိုက်ဆိုဖြစ်နေတယ်။ ဒုတိယအခွေတွက် သီချင်းရေးနေတာက တစ်ပုဒ်ပဲ ကျန်တော့တယ်။ အဲဒါလေးကိုလဲ အမြန်လုပ်နေပါတယ်။ ပထမအခွေတုန်းက ပရိသတ်အားပေးမှုထက် ဒုတိယခွေကိုပိုပြီး အားစိုက်လုပ်ရမှာပေါ့နော်။ အတီးပိုင်းကိုလဲ သေချာလုပ်ထားတယ်။ အသံပိုင်းကိုလဲ ဂရုစိုက်ထားတယ်။ ဒီအခွေမှာ ၁၄ ပုဒ်ပါမှာ ၁၂ ပုဒ်က ပိုပိုရေးထားတယ်။ နောက် နှစ်ပုဒ်က သူငယ်ချင်း အသစ်နှစ်ယောက်ပေါ့ ။ သူတို့ပါမယ်ရှင့်။ ပိုပို ဒုတိယအခွေမှာက ပထမအခွေနဲ့သိပ်မကွာဘူး။ ဒီအခွေက ပိုပြီးတော့ နားထောင်လိုက်တာနဲ့ မိုက်တယ်ဆိုတဲ့ အနေအထားတစ်ခုရှိချင်တယ်။ ထူးထူးခြားခြား ဒီအခွေထဲမှာ Band နဲ့တီးတာများတယ်။ Official အနေနဲ့ Rappin တစ်ပုဒ်ပါမယ်။ Featuring အနေနဲ့ ကိုစိုးကြီး ပဲပါမယ်။ နောက်ပြီးတော့ ညီမအတွက်ဆိုပြီးတော့ ယောက်ျားလေးတွေကြိုက်မဲ့ သီချင်းတစ်ပုဒ်ပါမယ်။ အရက်သမားသီချင်းတစ်ပုဒ်ရယ်၊ ထူးထူးခြားခြားလေး ထည့်ထားတယ်။ ပို့ရဲ့ ဒုတိယခွေမှာ ကော်ပီမပါဘူး။ own tune လေးတွေပဲ လုပ်နေပါတယ်။’လို့ သူမက ပြောပါတယ်။
ဒုတိယခွေက နားထောင်လိုက်တာနဲ့ မိုက်တယ်ဆိုတဲ့ အနေအထားဖြစ်အောင် ကြိုးစားထားတယ်လို့ဆိုတဲ့ ပိုပို

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။