Justin Bieber က သူ့ရဲ့ဇနီးဟောင်း Miranda Kerr နဲ့ပါတ်သတ်ခဲ့လို့ လက်စားချေတဲ့အနေနဲ့ Orlando Bloom တစ်ယောက် Bieber ရဲ့ရည်းစားဟောင်း Selena နဲ့ date လုပ်နေပြီလားလို့ မေးစရာဖြစ်လာပါပြီ။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ Orlando နဲ့ ၂၁ နှစ်အရွယ် Selena တို့ကို စနေနေ့က L.A မြို့မှာ Chelsea Handler ရဲ့ဖျော်ဖြေပွဲလာစဉ် အတူတွေ့ခဲ့တာဖြစ်ပါတယ်။ The New York Post ကတော့ သူတို့နှစ်ဦးဟာ အလာရောအပြန်ပါ ကားတစ်စီးထဲအသုံးပြုခဲ့ကြတဲ့လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကတော့ Bieber ဟာ Orlando နဲ့ Miranda တို့ရဲ့ကွာရှင်းမှုအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နိုင်ကြောင်း ကောလဟာလတွေထွက်ခဲ့ပါတယ်။ Miranda ဟာ Bieber ရဲ့ပရိတ်သတ်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ဦးဟာ ညစ်ညမ်းတဲ့ text message တွေပို့ခဲ့ပြီး Miranda က Bieber ကိုအီစီကလီလုပ်တယ်လို့ US မဂ္ဂဇင်းကဆိုပါတယ်။
ဒီကောလဟာလတွေက အမှန်ဖြစ်တယ်လို့တော့ အတည်မပြုနိုင်သေးပေမယ့် အဆက်ဟောင်းတွေနဲ့ သူတို့ရဲ့ကြားက ပါတ်သတ်မှုကို ထည့်စဉ်းစားမယ် ဆိုရင်တော့ Orlando နဲ့ Selena တို့ အတူသွားလာနေတာကို တွေ့ရတာဟာ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခု ဖြစ်ပါတယ်။
Ref:starpulse.com