လိုင်နာထူထူနဲ့ မျက်လုံးခြယ်သမှု ပုံစံအသစ်ကို စိတ်ဝင်စားတယ်ဆိုရင်

cosmo-infographic-rocker-eye-open-a.jpg

ထသွားထလာမဟုတ်တဲ့ ရှိုးပွဲတွေ၊ ပါတီပွဲတွေအတွက် Rocker Eyes ခြယ်သမှုပုံစံအသစ်ကို ပြောပြ ပေးချင်ပါတယ်။ လိုင်နာထူထူနဲ့ သူများနဲ့မတူတဲ့ ခြယ်သမှုဖြစ်တာကြောင့် အားလုံးရဲ့ အကြည့်တွေကို ဖမ်းစားထားနိုင်မှာ သေချာပါတယ်။

၁။ Smoky Eye လို မည်းနည်းနက်နက်လေး ခြယ်သရမှာဖြစ်တဲ့အတွက် ပထမဆုံးအနေနဲ့ blending brush လေးသုံးပြီး ကွန်ဆီလာခရင်မ်လေးနဲ့ မျက်ခွံကို သုတ်လိမ်းပေးရမှာပါ။ ဒီလို လိမ်းပေးခြင်းအားဖြင့် ပြန်ဖျက်တဲ့အခါ ကျရင်လည်း အလွယ်တကူ ဖျက်နိုင်တယ်လေ။

၂။မျက်ခွံက ခြောက်ခြောက်ကြီး ဖြစ်နေဖို့ အသားအရေကို ခြောက်သွေးခြင်းမှ ကင်းဝေးစေတဲ့ ခရင်မ်တစ်ခုကို ထပ်လိမ်းထားလိုက်ပါဦး။

၃။မျက်လုံးတစ်ဝိုက် လိုင်နာကို အပြည့်ဆိုးလိုက်ပါ။

၎။မည်းနက်တဲ့လိုင်နာ သေချာသွားစေဖို့ နောက်တစ်ထပ် ထပ်ဆိုးလိုက်ပါဦး။

၅။နောက်ဆုံးအဆင့်ကတော့ မီးခိုးရောင်လိုင်နာလေး ထပ်ဖြည့်ပြီး အားလုံးကို အပြီးသတ်လိုက်ရုံပါပဲ။

 

Ref:cosmopolitan.com

15 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.