နောက်ထွက်မယ့် စမတ်ဖုန်းတွေမှာ 4GB RAM ကိုသုံးဖို့ Samsung မျှော်မှန်း

gsmarena_0013.jpg

 

Samsung Galaxy Note 3မှာ 3GB RAM သုံးထားတာကို ကျွန်တော်တို့တွေ အကြိုက်တွေ့ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်မှာ ထပ်ထုတ်မယ့် စမတ်ဖုန်းတွေမှာ ပိုကောင်းတဲ့ RAM တွေသုံးဖို့ Samsung ကစီစဉ်ထားပါတယ်။

မိုဘိုင်းဖုန်းတွေမှာ အလွှာပေါင်းစုံ အစုံလိုက်ပရိုဂရမ်ပါတဲ့ 4GB RAM ဖြစ်လာဖို့အတွက် 8GB LPDDR4 RAM ချစ်ပ်ကို ပထမဆုံးထုတ်လုပ်မယ့် ကုမ္ပဏီဟာ Samsung လို့ထင်ရပါတယ်။

8GB LPDDR4 RAM ချစ်ပ်ဟာ ၂၀ နာနိုမီတာ အဆင့်ရှိ process နည်းပညာနဲ့ ထုတ်လုပ်ထားပြီး အတုံးတစ်တုံးဟာ 1GB ကိုပေးစွမ်းပါတယ်။ ယနေ့ရနိုင်တဲ့ DRAM အတုံးလေးတွေထဲမှာ အကြီးမားဆုံး သိပ်သည်းဆပါပဲ။ ချစ်ပ်အသစ်တွေမှာ 3.1Gbps DDR4 စံချိန်ပြောင်းလဲထုတ်လုပ် လိုက်တဲ့အခါ RAMရဲ့ စွမ်းဆောင်ရည်က ၅၀ရာခိုင်နှုန်း မြင့်လာပါတယ်။ Samsung ကအသစ်ထုတ်လုပ်လိုက်တဲ့ ချစ်ပ်တွေဟာ စွမ်းဆောင်ရည်မြင့်လာပေမယ့် အရင် DDR3 တွေနဲ့ယှဉ်ရင် ၄၀ရာခိုင်နှုန်းထိ ပါဝါစား သက်သာလာတာကို တွေ့ရပါတယ်။

Samsung ကထုတ်လုပ်မယ့် မြန်နှုန်းမြင့် ချစ်ပ်အသစ် 8GB LPDDR4 မိုဘိုင်း DRAM ဟာ သိပ်သည်းဆုံး၊ စွမ်းဆောင်ရည်အမြင့်ဆုံး၊ မိုဘိုင်း appတွေအတွက် ပါဝါအလုံလောက်ဆုံး ဖြစ်စေမှာဖြစ်ပြီး အသုံးပြုသူတွေကို ပိုမြန်မြန်သုံးလို့ရအောင်၊ appတွေ တုံ့ပြန်မှုအား ပိုကောင်းလာအောင်၊ featureအမြင့်တွေ ပိုသုံးလို့ရအောင်၊ ဘက်ထရီစားသက်သာအောင်နဲ့၊ ရုပ်ထွက်ပြတ်သားမှုအား ပိုကောင်းအောင် စွမ်းဆောင်ပေးမယ်လို့ သိရပါတယ်။

၂၀၁၄ခုနှစ် အချိန်ကာလ တစ်ခုအတွင်းမှာ နည်းပညာကို ကောင်းကောင်းကြီး အသုံးချသွားမယ်လို့ Samsung ကုမ္ပဏီက မျှော်မှန်းထားပါတယ်။

Ref:androidheadlines

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.