(၁) One Direction ရဲ့ Harry
“အနမ်းကောင်းတစ်ပွင့်ဆိုတာ သိပ်မကြာသင့်ဘူး။ အချိန်အကြာကြီးဆွဲထားပြီး ခံစားချက်ကို မဖျက်ဆီးသင့်ဘူး။ အနမ်းကောင်းတစ်ပွင့်မှာ လိုအပ်တဲ့ အချိန်ပမာဏ အနည်းငယ်သာ အတိအကျရှိသင့်ပါတယ်” ။
(၂) ကနေဒီယန် အဆိုတော် Carly Rae Jepsen
“ကျွန်မက ဖြည်းဖြည်းလေးနမ်းတာကိုသဘောကျတယ်။ အနမ်းရဲ့ မျက်လှည့်ဆန်တဲ့ အရာက ခပ်ဖြည်းဖြည်း တည်ဆောက်ယူရတာဖြစ်ပြီး အဲဒီအပေါ် ၀ုန်းကနဲခုန်ချလိုက်တာမျိုး မဟုတ်ပါဘူး။”
(၃) အမေရိကန် MTV သရုပ်ဆောင် Brett Davern
“ပူရှိန်းခဲတချို့နဲ့ နှုတ်ခမ်းဆိုးဆေးမွှေးမွှေးလေးတွေက အနမ်းကောင်းတစ်ခုရဲ့ သော့ချက်ပါပဲ။ အဲ့ဒီအရာလေးတွေရဲ့နောက်ကွယ်မှာ အနမ်းကောင်းတစ်ခုရှိနေ တတ်ပြီး ပထမဆုံးအနမ်းတစ်ပွင့်အတွက်ဆို ပိုအရေးကြီးပါတယ်။
(၄) အမေရိကန်- ကနေဒီယန် သရုပ်ဆောင် Avan Jogia
“ကျွန်တော့်ရဲ့ အနမ်းအတွက်လမ်းညွှန်ချက်ကတော့ စိတ်လျှော့လိုက်ပြီး အဲ့ဒီအထဲမှာ နှစ်နှစ်ကာကာ ပျော်ဝင်လိုက်ဖို့ပါပဲ ။
(၅) သြစတြးလျသရုပ်ဆောင် Alice Englert
“နမ်းနေချိန်မှာ စကားပြောဖို့မကြိုးစားပါနဲ့။ စိတ်ကူးယဉ်ဖို့ကောင်းတဲ့ အခိုက်အတန့် လေးကို စကားသံနဲ့မဖျက်ဆီးပါနဲ့ ။ အဲဒီအပေါ်မှာပဲ အာရုံထားထားပါ။”
(၆) One Direction ရဲ့ Louis Tomlinson
“ကျွန်တော့်အတွက်တော့ အနမ်းကောင်းတစ်ပွင့်ဆိုတာ မမြန်လွန်း ၊ မကြမ်းတမ်းလွန်း တဲ့ အနမ်းမျိုးပါပဲ”
(၇)အမေရိကန်သရုပ်ဆောင် Victoria Justice
“နမ်းတော့မယ်ဆိုရင် အရမ်းခက်ခက်ခဲခဲ ကြိုးစားမနေပါနဲ့။ အဲဒါနဲ့ ပတ်သက်ပြီး သက်သောင့်သက်သာမဖြစ်စေမယ့် အပြုအမူမျိုး မလုပ်ပါနဲ့။"
ဆယ်ကျော်သက်တွေရဲ့ ရင်ခုန်သံနဲ့ ခံစားချက် အမျိုးမျိုးကိုလေ့လာပြီး စိတ်ကူးယဉ်ဆန်တဲ့ အနမ်းကောင်းတစ်ပွင့် ဖန်တီးနိုင်ပါစေ။
Ref:seventeen