လူမျိုးရေးခွဲခြားမှုများအပေါ် ပြင်းထန်စွာအပြစ်ပေးရန် ယာယာတိုရေးတောင်းဆို

news_d.jpg

CSKA မော်စကိုအသင်းအား အဝေးကွင်းရုရှားမြေပေါ်တွင် (၁-၂)ဂိုးဖြင့် အနိုင်ရခဲ့သောပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားကာ မျောက်အော်သံများဖြင့် လှောင်ပြောင်ခံခဲ့ရသည့် မန်စီးတီးကွင်းလယ်ကစားသ မား ယာယာတိုရေးက ထိုသို့သောအပြုအမူများအား ပြင်းပြင်းထန်ထန်အရေးယူသင့်နေပြီဖြစ်ကြောင်း ဥရော ပဘောလုံးအဖွဲ့ချုပ် (UEFA) ထံ တိုက်တွန်းပြောကြားလာခဲ့သည်။ ယာယာတိုရေးမှာ ၂၀၁၂ခုနှစ်၊ ဖေဖော် ၀ါရီလအတွင်းကလည်း ပေါ်တိုနှင့်ကစားခဲ့သော ယူရိုပါလိဂ်ပွဲစဉ်အတွင်း ဘာလော့တယ်လီ(ယခု အေစီမီလန်ပြောင်းသွားသူ)နှင့်အတူ ပေါ်တူဂီပရိသတ်များ၏ မျောက်အော်သံဖြင့် လူမျိုးရေးခွဲခြားလှောင် ပြောင်မှုများကို ခံခဲ့ရဖူးသေးသည်။

“ ဒီပရိသတ်တွေရဲ့လုပ်ရပ်အပေါ်မှာ အရမ်းကိုစိတ်ပျက်လက်ပျက်ဖြစ်မိတယ်ဗျာ။ ကျွန်တော့အမြင်အရတော့ ဥရောပဘောလုံးအဖွဲ့ချုပ်အနေနဲ့က ဒီကိစ္စကို ပြင်းပြင်းထန်ထန်အပြစ်ပေးဖို့လိုနေပြီ။ ဘာလို့လည်းဆိုတော့ ကျွန်တော့်လို လူမည်းကစားသမားတွေအားလုံး ဒီလိုအပြုအမူကို ခံနေရဦးမှာမို့လို့ပဲဗျ။ အသင်းခေါင်းဆောင် တစ်ဦးအနေနဲ့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးတံဆိပ်ပါလက်ပတ်ကို ပတ်ထားခဲ့ချိန်မှာ ဒီလိုအလှောင်ခံရတာ ပိုဆိုးတာပေါ့ဗျာ။ အိမ်ကွင်းကစားခွင့်ကို လများများပိတ်တာမျိုးအထိလုပ်မယ်ဆိုရင် ထိရောက်နိုင်ပါတယ်”ဟု ယာယာတိုရေးက ပြောခဲ့သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.