ပရီးမီးယားလိဂ်တွင် ရလဒ်မကောင်းသောကြောင့် ဝေဖန်ခံနေရသည့် မန်ယူအသင်းမှာ ယနေံနံနက်အစောပိုင်းက အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင် လာလီဂါကလပ်အသင်း ရီးရဲလ်ဆိုစိဒက်အား တစ်ဂိုးတည်းဖြင့် ကပ်ပြီးအနိုင်ရရှိခဲ့သည်။ ထိုဂိုးမှာလည်း မန်ယူကစားသမားများမှ သွင်းယူခဲ့ခြင်းမဟုတ် ဘဲ ဆိုစိဒက်နောက်ခံလူ အီနီဂိုမာတီနက်ဇ်၏ ပွဲစပြီး (၂)မိနစ်အကြာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့မိရာမှ ရရှိခဲ့ခြင်းဖြစ် သည်။ မန်ယူမှာ ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်မှု (၁၀)ကြိမ်အထိရှိခဲ့စေကာမူ လက်ကျန်ပွဲချိန်များတွင် ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိသောကြောင့် ထိုတစ်ဂိုးတည်းဖြင့် ကပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ တစ်ဂိုးတည်းဖြင့် သာ ကပ်နိုင်ခဲ့စေကာမူ မန်ယူနည်းပြဒေးဗစ်မိုရက်စ်က ယင်းပွဲစဉ်မှ ၀ိန်းရူနီ၏ခြေစွမ်းပြနိုင်ခဲ့မှုကို ကျေနပ်အား ရလျက်ရှိသည်။
“ ၀ိန်းဟာ ဒီညမှာ အကောင်းဆုံးကို ကစားနိုင်ခဲ့တာပါ။ အခြားကစားသမားတွေလည်း ကောင်းခဲ့ပါတယ်။ ၀ိန်းလို ကစားသမားမျိုးကို ခြေစွမ်းပြစေချင်ခဲ့တဲ့အတိုင်း သူအရမ်းကောင်းခဲ့တယ်။ ၀ိန်းကောင်းကောင်းကစားနေနိုင်တယ်ဆိုတာကို ကျွန်တော်ပြောနေမိတာ ရာသီအစတည်းကပဲ။ သူ့ခြေစွမ်းကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလည်း အကျိုးကျေးဇူးခံစားနေရပါတယ်။ ဒီလိုမျိုး တစ်ရာသီလုံးခြေစွမ်းပြနေဖို့ကို ကျွန်တော်တို့ရော ပရိသတ်တွေကပါ အလိုရှိနေကြပါတယ်”ဟု ဒေးဗစ်မိုရက်စ်က ပြောခဲ့သည်။
Match Result
ချန်ပီယံလိဂ်ပွဲရလဒ်များ
(၂၃-၁၀-၂၀၁၃ )
စတူအာဘူခါရက်စ် ၁-၁ဘေဆယ်
ရှော်လ်ကီ ၀-၃ ချဲလ်ဆီး
အာဆင်နယ်၁-၂ ဒေါ့မွန်
မာဆေးလ်၁-၂နာပိုလီ
ပေါ်တို ၀-၁ ဇင်းနစ်
သြစတြီးယားဝီယမ် ၀-၃ အသလက်တီကို
ဆဲလ်တစ် ၂-၁ အေဂျက်စ်
အေစီမီလန် ၁-၁ ဘာစီလိုနာ
CSKAမော်စကို ၁-၂ မန်စီးတီး
(၂၄-၁၀-၂၀၁၃ )
လေဗာကူဆင် ၄-၀ ရှက်တာဒိုးနပ်စ်
မန်ယူ ၁-၀ ရီးရဲလ်ဆိုစိဒက်
ရီးရဲလ်မက်ဒရစ် ၂-၁ ဂျူဗင်တပ်စ်
ဂါလာတာစာရေး ၃-၁ ကိုပင်ဟေဂင်
အန်ဒါလက်ခ်ျ ၀-၅ ပီအက်စ်ဂျီ
ဘင်ဖီကာ ၁-၁ အိုလံပီယာကို့စ်
ဘိုင်ယန်မြူးနစ် ၅-၀ ဗစ်တိုးရီးယားပလက်ဇန်