(၁) တွယ်ချိတ်အချို့
ပေါက်ရာပြဲရာတချို့နဲ့ပြတ်တောက်သွားတဲ့ပစ်္စည်းတချို့ကို ယာယီဆက်စပ်ပေးဖို့အတွက်အလွယ်ကူဆုံး ပစ္စည်းဖြစ်ပါတယ်။
(၂) လက်ရာမြောက်တဲ့နားဆွဲလေး
အလုပ်များသူတွေ နေ့အချိန်အလုပ်ကနေ ညဘက်ပါတီကိုတစ်ဆက်တည်း သွားရတော့မယ်ဆိုရှုင် ဒီနားဆွဲလေးတစ်ခု ပန်လိုက်ရုံနဲ့ပွဲတက်စတိုင်ကိုရစေနိုင်ပါတယ်။
(၃) ဒေါက်ဖိနပ်အောက်ခံ
ဒေါက်ဖိနပ်စီးပြီးမှ လမ်းများများလျှောက်ဖို့အခြေအနေမျိုးကြုံလာရင်တော့ ဖိနပ်အောက်ခံ ရာဘာလေးတွေက ပြုတ်ထွက်သွားတတ်ပါတယ်။ ဒီရာဘာလေးတွေမပါရင် ချော်လဲတတ်တာမို့ ဒီအောက်ခံရာဘာလေးတွေက အသုံးဝင်ပါတယ်။ နှစ်ခုဆောင်ထားဖို့တော့ မမေ့နဲ့နော်။
(၄) လက်ကိုင်ပုဝါအစို
အယ်ကိုဟောပါဝင်လို့မတော်တဆဖြစ်တဲ့ အစွန်းအထင်းလေးတွေကိုဖယ်ရှားပေးနိုင်တဲ့ တစ်ခါသုံးလက်ကိုင်ပုဝါလေးဖြစ်ပြီး Hand Gel တွေထက် လက်ကိုပိုပြီး သန့်စင်စေနိုင် ပါတယ်။
(၅) နှုတ်ခမ်းနီတောင့်
အစာစားပြီးချိန်တိုင်း လိုအပ်နိုင်လို့ဆောင်ထားသင့်ပါတယ်။
(၆) နေကာမျက်မှန်
စတိုင်ကျပြီး နေပူဒဏ်ကိုကာကွယ်နိုင်ဖို့နေကာမျက်မှန်ကလည်းမရှိမဖြစ်ပါပဲ။
ဒီလောက်ဆိုရင်တော့အပြင်သွားရင်း တွေ့နိုင်တဲ့ အရေးပေါ်အခက်အခဲလေးတွေကို ဖြေရှင်းနိုင်ပါပြီ။