ယနေ့နံနက်အစောပိုင်းက ကစားသွားခဲ့သော ဥရောပချန်ပီယံလိဂ်ပွဲစဉ်များအနက် ပွဲကောင်းတစ်ပွဲဖြစ်သည့် ရီးရဲလ်မက်ဒရစ်-ဂျူဗင်တပ်စ်ပွဲတွင် အိမ်ရှင်စပိန်ကလပ်အသင်းက အဓိကကစားသမား စီရော်နယ်လ်ဒို၏သွင်း ဂိုးများဖြင့် အီတလီချန်ပီယံအသင်းကို အနိုင်ရရှိသွားခဲ့သည်။ ပွဲအစ (၄)မိနစ်တွင်ပင် ဒီမာရီယာ၏ဖန်တီးပေးမှုမှ တဆင့် စီရော်နယ်လ်ဒိုသွင်းယူခဲ့သဖြင့် ရီးရဲလ်မက်ဒရစ်မှာ စောစောစီးစီးအဖွင့်ဂိုးရသွားခဲ့သည်။ သို့သော်လည်း အီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်၏ စပိန်တိုက်စစ်မှူးဖာနန်ဒိုလိုရန်တီက ပွဲချိန်(၂၂)မိနစ်တွင် ပြန်လည်ချေပ ခဲ့သဖြင့် တစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့ကြသည်။ သို့သော်ပွဲချိန်(၂၉)မိနစ်အရောက် ဂျူဗင်တပ်စ်နောက်ခံလူ ချီလီရယ်လီ၏ ပင်နယ်လ်တီဧရိယာအတွင်း ဖျက်ထုတ်မှုကြောင့် ရီးရဲလ်အတါက် ပင်နယ်လ်တီကန်ခွင့်ရသွားခဲ့သည်။ ထိုပင်နယ်လ်တီအား စီရော်နယ်လ်ဒိုက ကန်သွင်းခဲ့ရာ ဂိုးဝင်သွားခဲ့သဖြင့် (၂-၁)ဂိုးဖြင့် ဦးဆောင်ခွင့်ရရှိသွားခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်းကိုဆက်လက် ကစားခဲ့ရာ ဂျူဗင်တပ်စ်၏ အီတလီလက်ရွေးစင်နောက်ခံလူ ချီလီရယ်နီမှာ ပွဲချိန်(၄၈)မိနစ်တွင် စီရော်နယ်လ်ဒိုအား ဥပဒေပ ကြမ်းတမ်းစွာကစားခဲ့မှုကြောင့် တိုက်ရိုက်အနီကတ်ဖြင့် အထုတ်ခံလိုက်ရသည်။ နောက်ပိုင်းတွင် နှစ်ဖက်စလုံးဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတော့ဘဲ ရီးရဲလ်မက်ဒရစ်က အနိုင်ရရှိသွားခဲ့သည်။ ယင်းသို့အနိုင်ရခဲ့ခြင်းကြောင်း ရီးရဲလ်မက်ဒရစ်မှာ အုပ်စု(ခ)တွင် (၃)ပွဲကစားအပြီး ရမှတ်(၉)မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်လျက်ရှိနေသည်။